မောင့်အသည်းခြွေတဲ့ ပန်း Part (22)

2.9K 71 1
                                    

       💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (22)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မောင်ဟန်မင်း အန်ကယ် ကို အချိန်သုံးရက်
ပေးပါလို့ ပြေထားတယ်လေကွယ်။အခုဖြင့်
အချိန်ကတစ်ရက်တောင်မရှိသေးဘူး။လာ
ခိုင်းတော့ အန်ကယ် ဘယ်ကပိုက်ဆံနဲ့ မင်း
ကို ပေးရမှာလဲကွယ်။ ဘာလို့ အန်ကယ် ကို
ရက်ချိန်းအပြည့်မပေးရတာလဲ။ "

တပည့်လူမိုက်နှစ်ယောက်က ဘေးတစ်ဖက်စီမှာခြံရံထားတာမို့... အနည်းငယ်ထိတ်လန့်နေဟန်ရှိသည့် ဦးဒေဝကိုကြည့်ပြီး.. ဟန်မင်း နူတ်ခမ်းတို့တွန့်ကွေးသွားရသည်။ထို့နောက် သူပေးထားတဲ့ ရက်မရောက်သေးပဲ ခေါ်လာခိုင်းရတဲ့အကြောင်းကို... ပြောပြဖို့အတွက်
ဦးဒေဝ ကို ခုံမှာအရင်ထိုင်စေလိုက်သည်။

" ခုံမှာ အရင်ထိုင်လိုက်ပါဦး။ပြီးရင် ဦးဒေဝ
ကို ကျွန်တော် ပေးထားတဲ့ရက်မပြည့်ခင်ခေါ် ရတဲ့ အကြောင်းအရင်းကို ပြောပြပါမယ်။ကျားမင်း မင်းတို့နှစ်ယောက်လုံး သွားလို့ရပြီး၊အောင်ကိုမင်း တစ်ယောက်ပဲ ကျန်နေခဲ့။ "

ဟန်မင်း ဦးဒေဝ ကို ပြောရင်း၊တပည့်တွေကိုပါ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ ဘော့စ်။ "

ဟန်မင်း ကျားမင်း တို့ အခန်း​ထဲကသွားတာနဲ့...

" ဦးဒေဝ ကို ပေးထားတဲ့ရက်မရောင်ခင် ခေါ်
လိုက်ရတာက၊ကျွန်တော် ဦးဒေဝဆီမှာ အရ မ်းလိုချင်နေတဲ့ အရာတစ်ခုရှိလို့ပါ။အဲ့အရာကိုသာ ကျွန်တော့်ကိုပေးမယ်ဆိုရင်၊ဦးဒေဝ
ကျွန်တော့်ကို အကြွေးသိန်းငါးထောင်ပေးစ ရာမလိုတော့ဘူး။အဲ့ဒါအပြင် ဦးဒေဝရဲ့ တ
ခြားအကြွေးတွေကိုပါ ဆပ်ပေးမယ်။ပြီးတော့ ဦးဒေဝ သုံးဖို့အတွက် သီးသန့်သိန်းငါး ထောင်လည်းထပ်ပေးမယ်။ "

ဦးဒေဝ ဟန်မင်းဆိုတဲ့ကောင်လေးက ဘာကိုလိုချင်တာမှန်းမသိသေးပေမဲ့... ကမ်းလှမ်းလာတဲ့အရာတွေက၊ သူ့အတွက်မတ်မောစ ရာများဖြစ်နေတာမို့... ဟန်မင်းရဲ့ကမ်းလှမ်းမှုတွေကို အတော်လေးသဘောကျမိသည်။အဲ့ဒါကြောင့် သူ့ဆီကလိုချင်တဲ့အရာက ဘာလဲဆိုတာကို အ​လျင်အမြန်ပဲမေးလိုက်သည် ။

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now