မောင့်အသည်းခြွေတဲ့ ပန်း Part (23)

2.6K 56 0
                                    

         💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (23)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဘာ!...၊ ရှင်!... ဘာ   ဘာလို့ ပန်းအနားကိုတိုးလာရတာလဲ.. "

ဟန်မင်း က ရှေ့တိုးလာတာမို့ နောက်ကိုဆုတ်ပြေးနေတဲ့ ပန်း... ကျောကနံရံနဲ့ထိကပ်သွားတာကြောင့်... နောက်ကိုဆုတ်ပြေးဖို့ရာ လမ်းမရှိတော့သလို ဖြစ်သွားရ၏။ပြောချင်
နေတဲ့ စကားတွေလည်းရပ်တန့်လို့သွားရသ
ည်။ပန်းမကြိုက်တဲ့ အငွေ့အသက်တွေဖုံး လွှမ်းနေတဲ့အကြည့်တွေနဲ့ အနားကိုတိုးကပ်လာတဲ့ ဟန်မင်းဆိုတဲ့လူကို ကြောက်နေမိ
တာတော့ အမှန်ပါပဲ။

သူ့ကိုကြောက်ရွံနေတဲ့ သူမပုံစံလေးက တမျိုးလေးချစ်စရာကောင်းနေပြီး..သူ့ကိုကြည့်တဲ့ မျက်လုံး​အကြည့်တို့ကတော့.. စပ်ဆုတ်ရွံရှာနေတဲ့ အကြည့်နဲ့ကြည့်နေတာမို့... ဟန်
မင်း စိတ်ထဲမှာတော့ အတော်လေးကသိက အောက်ဖြစ်သွားရ၏။ဟန်မင်း စိတ်အလိုမကျမှုတွေနဲ့ နောက်ဆုတ်ပြေးဖို့နေရာ မရှိတော့တဲ့ သူမရှေ့ကိုတိုးကပ်ရပ်လိုက်ပြီး...

" မင်း ချစ်သူဖြစ်တဲ့ ငါ့ကို ဘာလို့ကြောက်နေ
ရတာလဲ။ မင်းကြောက်ရလောက်တဲ့အရာ
မျိုးလည်း ငါ မလုပ်ရသေးပါဘူး။အဲ့ဒါကို
မျက်နှာက ဘာလို့သွေးမရှိတော့သလို ဖြူ
ဖျော့နေရတာလဲ.. "

ပန်းအနားကိုတိုးကပ်ပြီး မေးလာတဲ့ ဟန်မင်း
ဆိုတဲ့ လူရဲ့မျက်နှာကို အကြည့်စူးစူးတွေဖြင့်
ကြည့်လိုက်ပြီး...

" ရှင့်ကို ကြောက်တယ်ဆိုတာထက် ရွံရှာနေတာဆိုရင် ပိုမုန်လိမ့်မယ်။အဲ့ဒါကြောင့် ရှင် နောက်ကို ဆုတ်ပေးလို့ရမလား။ "

ပန်း ကြောက်စိတ်ကိုဖုံးကွယ်ပြီး လေသံတင်
းတင်းမာမာနဲ့ ဟန်မင်း ကို ပြောပစ်လိုက်
သည်။

သူ့ကိုရွံရှာတယ်ဆိုတဲ့ သူမစကားကြောင့်
ဟန်မင်း ဒေါသကထောင်ကနဲဖြစ်သွားရသည်။သူမနေရာမှာ တခြားသူသာဖြစ်နေရင်
ဟန်မင်း လက်သီးက သူ့ကိုရွံရှာတယ်လို့ပြောတဲ့သူ မျက်နှာတည့်တည့်ကိုထိုးပြီးသွား
လောက်ပြီပေါ့။အခုတော့ သူ မြင်မြင်ချင်း
သဘောကျခဲ့မိတဲ့ သူမဖြစ်နေတာမို့ သူ့ဒေါ
သတွေက စိတ်ထဲမှာသာ ဖြစ်တည်ပြီး... အ
ပြင်ကိုတော့ ပေါက်ထွက်လာနိုင်ခဲ့ပါဘူး။

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now