မောင့်အသည်းခြွေတဲ့ ပန်း par(7)

7.3K 173 0
                                    

     💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔

                        အခန်း (7)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မင်း မျက်နှာကို ရှေ့တည့်တည့်မှာ ထားပေးလို့ရမလား ဘုန်းနေမိုင်း။ "

သူတို့ အိမ်ကနေ ကားမောင်းထွက်လာကတည်းက ကိုယ်ကိုတစောင်းထိုင်ပြီး... ပန်း မျက်နှာကို စိုက်ကြည့်လာတာ မြို့ထဲကိုရောက်နေသည့်အထိပင်။အကြည့်တွေကို လွှဲပေးမလား ရှောင်ဖယ်ပေးမလားနဲ့ စောင့်နေမိပေမဲ့.. သူက အကြည့်တွေကို လွှဲဖယ်ပေးမယ့်စိတ်ကူးရှိမည့်ပုံမပေါ်သလို... ပန်းမှာ ကားမောင်းရတာပင် လွတ်လပ်မှုမရှိသည်မို့ သူ့ မျက်နှာကို ရှေ့တည့်တည့်ဆီ ကြည့်ခိုင်းလိုက်ရသည်။

" အသိစိတ်ကတော့... ရှေ့တည့်တည့်ကို
လှည့်ထားရမယ်ဆိုတာ သိနေတယ်။ဒါမဲ့
နှလုံးသား က မတ်မတ် မျက်နှာလေးကိုပဲ
ကြည့်​ချင်နေမိတော့... ကျွန်တော်လည်း မ
တက်နိုင်ဘူး။ "

" တောက်... " ပခုံးတစ်ဖက်ကိုတွန့်ပြီး ကျွန်
တော်လည်း မတက်နိုင်ဘူးလို့ ပြောလာပြီး... အကြည့်စူးစူးတွေကို ဖယ်မပေးတဲ့ အပြင်ကို
မှ ပိုကာစိုက်ကြည့်လာတာမို့... ပန်းမှာ ဒေါ သများနဲ့ တက်ကိုပြင်းပြင်းခေါက်ကာ... ကားကိုအရှိန်တင်၍ မောင်းပစ်လိုက်သည်။

" မတ်မတ် ကျွန်တော့်ကို စိတ်ဆိုးနေတာလား
။"

" ...............ကျွီး "

ကားမောင်းနေတဲ့ ပန်းရဲ့ လက်တစ်ဖက်ကို
ဖျက်ခနဲ ဆွဲယူလိုက်တဲ့ သူ့ကြောင့်...ပန်း
လန့်သွားရပြီး...၊ကားကလမ်းမပေါ်မှာ ကွေ့ယမ်းသွားရသည်မို့...၊ကားကို အမြန်ပဲ ဘရိ တ်အုပ်၍ လမ်းဘေးမှာရပ်လိုက်ရသည်။

" သေချင်နေတာလား... မင်း။ "

" မတ်မတ်နဲ့ လင်မယားအဖြစ်ပေါင်းတောင်
မပေါင်းရသေးတာကိုး ကျွန်တော် က သေချင်စရာလား... "

" မသေချင်ရင် ဘာလို့ ကားမောင်းနေတဲ့ ငါ့
လက်ကို လာဆွဲကိုင်ရတာလဲ။လူရှုပ်၊ကား
ရှုပ်နေတဲ့ လမ်းမကြီးမှာ မတော်လို့ ကားတို က်မိရင် ဘယ်လိုလုပ်မလဲ။ "

" မတ်မတ်ကလည်း အခုမတိုက်မိဘူးလေ
ဗျာ..။ရုပ်ကလေးက နုဖတ်ပြီး လှသလောက်
ဘာလို့ ဒေါသကကြီးရတာလဲ မတ်မတ်။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now