မောင့်အသည်းခြွေတဲ့ ပန်း Part (28)

2.8K 50 0
                                    

        💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (28)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဒယ်ဒီ ကျွန်တော့် ကို ခေါ်တယ်ဆိုလို့ လာ
တာပါ "

" ရော့... အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ
ဘုန်းနေမိုင်း "

မိုင်း အခန်းထဲကိုရောက်တယ်ဆိုတာနဲ့ ဒယ်ဒီ
က သူ့ရှေ့ကို ဆယ်ပုံထက်မနည်းတဲ့ ဓာတ်ပုံ
တွေကို ပစ်ချပြီး... ဒေါသတကြီးနဲ့ မေးလာ ၏။

မိုင်းလည်း သူ့ခြေထောက်ရှေ့ကိုကျလာတဲ့
ဓာတ်ပုံတွေကို တဆစ်ဆစ်နာကျင်နေတဲ့ နှလုံးသားနဲ့ တစ်ပုံချင်းစီကောက်ယူလိုက်တ
ယ်။ဓာတ်ပုံတွေကောက်နေတဲ့အချိန်မှာ ဒယ်ဒီ့ဆီ ဒီဓာတ်ပုံတွေ ဘယ်လိုများရောက်လာရတာလဲဆိုတာ စဥ်းစားလိုက်မိတယ်။ထိုသို့စဥ်းစားနေစဥ်မှာပဲ သူ့မျက်ဝန်းတို့၌အရည်ကြည်များက ရစ်ဝဲလာပြန်တယ်။ဓာတ်ပုံအားလုံးကို ကောက်ယူအပြီးမှာတော့.. ခါးကြီးထောက်၍ ဒေါသတကြီးဖြစ်နေတဲ့ ဒယ်ဒီရှေ့မှာ ခြေစုံရပ်လိုက်ပြီး...

" ဒီဓာတ်ပုံတွေ ဒယ်ဒီဆီကို ဘယ်လိုရောက်
လာရတာလဲ။ကျွန်တော် သိလို့ရမလား "

တချို့ယောကျ်ားတွေဆို ကိုယ့်မိန်းမက တ ခြားယောကျ်ားနဲ့ ဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေကိုမြင်တာနဲ့ သွေးပျက်သွားကြပြီး... ချ
က်ချင်းဆိုသလိုပဲ ဒေါသဆိုတာလည်း ပွတ်
ပွတ်ဆူဆူလာတက်ကြတယ်။ဒါမဲ့ သားဖြစ်
သူက ဒေါသမပြောနဲ့ စကားပြောတာတောင်
မှ ပုံမှန်လိုအေးဆေးပြောနေတာမို့.. ဦးမိုးမြတ် သားကို အတော်လေးအံ့ဩသွားရ၏။

ထို့နောက်...

" ဓာတ်ပုံတွေ ဘယ်လိုရောက်လာတာလဲ က အရေးမကြီးဘူး။မင်း မိန်းမဖောက်ပြန်နေတဲ့ ပုံတွေကို မြင်တာတောင်မှ... မင်းက ဘာမှမဖြစ်တာက အရေးကြီးသလိုပဲ။မင်း ဘာလို့တည်ငြိမ်နေရတာလဲ သား။ဒီလိုအရာမျိုးဆိုတာက သစ္စာဖောက်ခံရတဲ့ လူတိုင်းမြင်တာနဲ့ ပေါက်ကွဲတက်ကျတဲ့အရာမျိုးပဲ။ဒါမဲ့ သားက တခြားလူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသတယ်။သား မခံစားရဘူးလား.. "

မိုင်း 'သားမခံစားရတာလား..' ဆိုတဲ့ ဒယ်ဒီစ
ကားကြောင့် နူတ်ခမ်းထက်မဲ့ပြုံးတို့က ခိုတွဲ
သွားလေ၏။ထို့နောက်မှာတော့...

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now