မောင့်အသည်းခြွေတဲ့ ပန်း Part (10)

6.6K 150 0
                                    

       💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (10)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဘာ...! "

" အရမ်းအော်မနေနဲ့ ခင်ဗျား ပေးရမှာ ခက်နေရင် ကျွန်တော်ပဲ ပေးမယ်။ "

"  အား!... ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ ဟမ်။ "

ပါးပြင်းလေးနမ်းမလို့ ခေါင်းငုံ့သွားမိတဲ့ သူ့
ပါးပြင်းကို ခေါင်းထောင်ထပြီး ကိုက်လိုက်တဲ့ မတ်မတ်။သွားချွန်ချွန်လေးဖြင့် အကိုက်
ခံရတာမို့ မိုင်း ပါးပြင်အတော်လေးနာသွားရ
သလို ဒေါသလည်းအတော် ထွက်သွားရ၏။

" ပြောထားတယ်လေ ငါ့အသားကိုမထိနဲ့လို့ ထိရင်တော့!... "

အသည်းယားစရာ ဒေါသမျက်နှာလေးနဲ့ ရင်
ခွင်အောက်ကနေ... သူ့ကိုမော့ကြည့်ပြီး စကားဆိုနေတဲ့ မတ်မတ် မျက်နှာအနီး သူ့မျက်နှာကိုငုံ့ချလိုက်ပြီး... စကားတွေစွာလွန်း
နေတဲ့ နူတ်ခမ်းလေးအား အနမ်းတစ်ပွင့်ခြွေ
လိုက်လေသည်။

" ကျွန်တော်လည်း  ပြောထားတယ်မလား။
ကျွန်တော့် ပါးကိုထိရင် ထိတဲ့ တန်ရာတန်ကြေပြန်ပေးရမယ်လို့... အခုကြေပြီ ကျွန်
တော့ပါးကို ကိုက်တဲ့ တန်ကြေး အနမ်းတစ်
ပွင့် အိုကေ။ "

" သေနာကောင် ဖယ်... ဘုန်း.. "

ပန်း သူ့ကို ကျိန်ဆဲပစ်ပြီး၊အပေါ်ကနေစီးမိုး
ထားတဲ့ သူ့ရင်ဘက်ကို အားရှိသမျှနဲ့တွန်း
ထုတ်ပစ်လိုက်ပြီး သူ့အနားကနေ ပြေးထွက်
ခဲ့လိုက်သည်။

အားမရှိတဲ့ လက်ကလေးနဲ့ တွန်းဖယ်နေတဲ့
မတ်မတ်ကို သနားလို့ လှဲကျချင်ယောင်ဆောင်ပေးပြီး အလျော့ပေးလိုက်ပေမဲ့... နောက်ကို ဖင်ထိုင်ကျသွားတဲ့သူ အတော်လေးတော့ နာသွားသည်။အနားကနေ လှစ်ခ
နဲ​ ​ပြေးထွက်သွားတဲ့ မတ်မတ် နောက်ကို မဲ့
ပြုံးလေးနဲ့ လိုက်သွားရင်း ရင်ထဲမှာစကား
ဆိုမိသည်က...

" ရှက်နေတဲ့ မတ်မတ် မျက်နှာလေးက အရမ်
းလှတယ် " ဆိုတာပါပဲ။

" ဘုတ်... အာ့ ဆောရီးနော်။ "

" အား ကျွတ်.. ကျွတ် "

ပန်း ရှက်ရှက်နဲ့ သူ့အနားကနေ ခေါင်းလေးငုံ့
၍ ပြေးထွက်လာတာ... ​မာမီတို့အနား မရော
က်ခင် လူတစ်ယောက်နဲ့ ဝင်တိုက်မိသည်။
ပန်း တောင်းပန်စကားဆိုသော်လည်း တစ်
ဖက်လူကအတော် နာသွားတယ်ထင်ပါတယ်
။ညီးညူးနေတာမို့ ​ငုံ့ထားတဲ့ ခေါင်းလေးကို
မော့ပြီး...

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now