မောင့်အသည်းခြွေတဲ့ ပန်း part(4)

8.8K 206 0
                                    

      💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔

                        အခန်း (4)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ကိုမိုင်းဘက်က အိုကေပေမယ့် ရာ့ဘက်က
မအိုကေဘူး။ရာ ကိုမိုင်းကိုချစ်တဲ့ အချစ်က
အချစ်စစ်နဲ့ ချစ်တာ။ကိုမိုင်းသာ ရာ့ဘဝကို
လိုချင်တယ်သာပြော...၊ရာ အခုချက်ချင်း
ပေးမယ်။အဲ့ဒါကြောင့် လမ်းခွဲစကားတော့... မပြောပါနဲ့ ရာမခံစားနိုင်ဘူး "

မိုင်း မိန်းကလေးတန်မဲ့ ကိုယ့်ရဲ့အပျိုစင်ဘဝကိုတန်းဖိုးမထားဘဲ.. ဟင်းရွက်ကန်စွန်းလို့ ပေါပေါလောလော ထိုးပေးနေတဲ့... မဟူရာဆိုသည့် မိန်းကလေးအား တည်တန့်သော မျက်ဝန်းအစုံဖြင့် ကြည့်ကာ....

" မင်း မခံစားနိုင်တာ၊ငါ မခံစားနိုင်တာ မဟု တ်ဘူး။သူများ ခံစားချက်ကို ဂရုမစိုက်တက်
တဲ့ ငါ့ရှေ့မှာ အသနားလာခံမနေနဲ့..၊ မင်းပဲ ပို
ပြီး ခံစားသွားရလိမ့်မယ်။ပြီးတော့... ဒီနေ့မ နက်ပဲ ငါ စေ့စပ်ပြီးသွားတာ။ငါက သိပ်မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် သူတစ်ယောက်ပဲ။အဲ့ဒါကြောင့် အချိန်ရှိတုန်းမှာ ငါ့အပေါ်မှာရှိနေတဲ့ မင်းရဲ့ခံစားချက်တွေ ရုတ်သိမ်းလိုက်ပါ။မဟုတ်ရင် မင်းပဲအသည်းကွဲရလိမ့်မယ်။ငါက စေတနာနဲ့ သတိပေးတာပဲ။ "

" အင့်ဟင်း..၊ ကိုမိုင်းအပေါ်မှာထားတဲ့ ခံစား
ချက်တွေ ရာ မရုတ်သိမ်းနိုင်ဘူး။ရာ ကိုမိုင်း
ကို ချစ်တယ်။ကိုမိုင်း ကို ရာ ပိုင်ဆိုင်ချင်တယ်။ရာ ကိုမိုင်းကို အဆုံးရှုံးမခံနိုင်ဘူး။အဲ့
ဒါကြောင့် ရာ့ကို လမ်းခွဲစကားတွေအစား
ကိုမိုင်း လိုချင်တာကိုသာ ပြောပါ။ရာ ဖြည့်
ဆည်းပေးဖို့အသင့်ပါ။ရာ့ကို လမ်းမခွဲပါနဲ့နော်။ရာ ကိုမိုင်းကိုချစ်တဲ့ အချစ်ကဖြူစင်တဲ့အချစ်နဲ့ချစ်တာပါ။ရာ့ကိုသာ ကိုမိုင်းထားခဲ့ရင် ရာ သေတောင်သေသွားနိုင်တယ်သိလား။ "

" ငါနဲ့ လမ်းခွဲရမှာကို မခံစားနိုင်လို့ သေတာ
မသေတာ က ငါနဲ့မဆိုင်ဘူး။သိလဲမသိချင်
ဘူး။ငါ သိတာက အခုကစပြီး ငါတို့နှစ်ယော
က်ရဲ့ ဇာတ်လမ်းပြီးသွားပြီဆိုတာပဲ။ "

" ကိုမိုင်း က ဇာတ်လမ်းပြီလဲ ရာ့ဘက်က မ
ပြီးဘူး။ကိုမိုင်း က ရာ့ အတွက်ပဲ။ရာ မဟုတ်
တဲ့ တခြားမိန်းကလေးကို ယူလဲမယူရဘူး။ ချစ်လဲမချစ်ရဘူး။ရာ့ကိုပဲ ကိုမိုင်း ယူရမယ်။
ရာ့ကို မယူဘဲ တခြားသူကို ယူကြည့် ရာ ပြ ဿနာ ရှာရလိမ့်မယ်။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now