မောင့်အသည်းခြွေတဲ့ ပန်း (12)

6.9K 158 0
                                    

       💔  မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (12)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မတ်မတ် သက်သာလား။ "

" ခေါင်းကကိုက်တုန်းပဲ နေလို့တော့ ရပါတယ်။ ဒါနဲ့ ဘာလို့  တို့ သူငယ်ချင်းကို အမြ င်မကြည်ဖြစ်နေရတာလဲ။ "

" မတ်မတ် အချစ်ဆုံးသူဖြစ်နေလို့ပေါ့။ "

" အဟင်း... " ထွဋ် နဲ့ ပန်းကို သဝန်တိုနေတဲ့
သူ့ပုံလေးက ချစ်စရာလေးမို့ ပန်း ရယ်မိပါ
သည်။

" ဟာ.. ဘာရယ်တာလဲ။အဲ့လူကို ဒီက အမှုန့်
ကြိတ်ချင်နေတာနော်။ "

" ကြိတ်ချင်ရင် ကြိတ်ပလိုက်ပေါ့ကွာ။မင်းက
လည်း ဘာခက်တာမှတ်.. "

" ငရှုပ်ကောင်တွေ အနားမလာနဲ့ မတ်မတ်
ခေါင်းကိုက်နေတယ်။ဟိုဘက်မှာအစား အသောက်တွေရှိတယ်။မင်းတို့တွေ သွားစား
ကျ။ "

ရွှေဝါရောင်ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့
မတ်မတ်ကို ငပွေငရှုပ် သူငယ်ချင်းတွေ ကြည့်မှာကို မလိုလားတာမို့.. မိုင်း အစားအ သောက်တွေရှိရာဘက်ကို သွားခိုင်းသည့်အ
ခါ ငရှုပ်ကောင်များက...

" ဟေ့ယျောင့် ငါတို့ကို အငတ်တိုင်ပြည်ကလာတဲ့ သူတွေများထင်နေလားကွ။အစားအ
သောက်စားဖို့လာတာ မဟုတ်ဘူး။သတို့သမီ
း မတ်မတ်ကို မင်းသူငယ်ချင်းတွေဖြစ်ကြေ
ာင်း မိတ်ဆက်ရင်းနဲ့မင်္ဂလာပွဲကို လာဂုဏ်ပြုတာကွ။မတ်မတ် ကျွန်တော် က ဒီကောင်ရဲ့ ငယ်သူငယ်ချင်းပါ။တက္ကသိုလ်တက်တဲ့အထိအမြဲမခွဲတွဲလာတဲ့ ပိုင်ဆက် ပါ။ "

" ဘတ်... အို..၊ဟာ မိုင်း ဘာလုပ်တာလဲကွ။ "

ပိုင်ဆက် မပန်းတော်ဦး ကို လက်ဆွဲနူတ်ဆက်ဖို့ ရှေ့ကို ဆန့်လိုက်တဲ့... သူ့ လက်ကို ပုတ်ထုတ်လိုက်တဲ့ မိုင်း။သူ့ကို မှုန်တေတေ
မျက်နှာကြီးနဲ့ ကြည့်လာပြီး...

" နူတ်ဆက်တာ ပါးစပ်နဲ့ပဲ နူတ်ပဲဆက်။လက်
ဆွဲနူတ်ဆက်စရာမလိုဘူး။ပြီးတော့ အစ်မလို့
ပဲခေါ်၊မတ်မတ်ဆိုတဲ့နာမ်စားက ငါတစ်ယော က်တည်းအတွက် မူပိုင်။မင်းတို့ ခေါ်ခွင့်မရှိဘူး။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now