မောင့်အသည်းခြွေတဲ့ ပန်း part (25)

2.6K 54 0
                                    

        💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (25)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မောင့် ကို အဝတ်စားဝတ်မပေးပဲ ဒီမှာဘာ
တွေလာလုပ်နေတာလဲ မတ်မတ်။ "

မောင့်အတွက်နံနက်စာကို မီဖိုးခန်းမှာကိုယ်
တိုင်ပြင်ဆင်ပေးနေချိန်... နောက်ကျောက
နေခါးကို သိမ်းဖက်ပြီး... ပခုံးပေါ်မေးတင်
ကာ မေးလာတဲ့ မောင်။ပန်း လက်ထဲက ဘဲဥကို ပန်းကန်လေးထဲကိုထည့်လိုက်ပြီး... နော
က်ကျောမှာရှိနေတဲ့ မောင့်ဘက်ကို ကိုယ်ကိုလှည့်လိုက်ကာ...

" မောင် စားဖို့အတွက်နံနက်စာ မုန့်ဟင်းခါး
ချက်နေတာလေ။အခုစားတော့မလား။အကု
န်ကျက်နေပြီ၊မုန့်ထဲထည့်စားဖို့ ဒီဘဲဥလေးအခွံသင်ပြီး ပါးလေးလှီးနေတာပြီးရင် ပြီးပြီ
။မ မုန့်ပြင်ပေးရမလား။ "

" အင်း စားမယ်။အရင်ဆုံး အင်္ကျီကိုကြယ်
သီးတပ်ပေး။ "

ပန်း ကို ကြယ်သီးတပ်ပေးဖို့ ဟကွဲဖြစ်နေတဲ့
အင်္ကျီရင်ဘတ်ကို လက်နှစ်ဖက်ကိုယူပြီး လှ
မ်းတင်လိုက်တဲ့ မောင်... ပန်းလည်းတစ်လုံး
မှမတပ်ရသေးတဲ့ ကြယ်သီးတွေတပ်ပေး
လိုက်သည်။

မောင် က ပန်းကို စိုက်ကြည့်နေတာမို့ အနေ
ရခက်တာမို့... ကြယ်သီးကိုမြန်မြန်တပ်ပေး
လိုက်ပြီး...

" ခုံမှာ ထိုင်စောင့်နေ မ မုန့်ပြင်ပြီး ယူလာခဲ့
မယ်။ "

" မထိုင်ဘူး။ဒီလိုဖက်ထားမယ်။မလည်း ဒီ
တိုင်းလေးပဲ ပြင်ပေး။ "

ပန်း အနားမှာ မောင်နီးနီးကပ်ကပ်ရှိနေတာ
က ကိုယ့်လိပ်ပြာမလုံတာမို့... နောက်တစ်ကြိ
မ် နောက်ကနေခါးကိုသိမ်းဖက်လာတဲ့ မောင့်
လက်တွေကို ဖြုတ်ချလိုက်ပြီး....

" မ အနားမှာနီးနီးကပ်နေရင် အလုပ်လုပ်ရ
တာ အဆင်မပြေဘူး။ကလေးလည်း မဟုတ်
ဘဲနဲ့ မအနားကိုလိုက်ကပ်မနေနဲ့... ခုံမှာသွား
ထိုင်စောင့်နေချေ။ဟင်းရည်ပါခပ်ရမှာ နှစ်
ယောက်ပူးကပ်နေရင် အပူလောင်ကုန်လိမ့်မယ်။ "

မိုင်း သူ့လက်တွေကိုဖြုတ်ချပြီး မျက်နှာတည်တည်ဖြင့်ပြောလာတဲ့ မတ်မတ်ကြောင့်
.....

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now