မောင့်အသည်းခြွေတဲ့ ပန်း Part (13)

6.6K 152 0
                                    

      💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (13)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" အင့်... အင်း။ အဟင်း... ဟင် "

မိုင်း အိပ်ခန်းအတွင်းကို မှန်ပြတင်းတွေကြာ
းကနေ တိုးဝင်လာတဲ့ နေအလင်းရောင်ကြောင့် နိုးလာခဲ့သည်။သူ နိုးလာချိန်မှာပဲ ချစ်ဇနီးလေးမတ်မတ် ဘေးမှာရှိနေတယ်ဆိုတဲ့ အသိတို့ဖြင့် ​​ရင်ခုန်ကြည်နူးသွားရသည်။မတ်မတ် က သူ့ကို ရှက်သည်းမွှန်းနေတဲ့ မျ က်နှာလေးနဲ့များကြည့်​မလားဆိုတဲ့ အတွေးလေးနဲ့ မိုင်းရယ်လိုက်ရင်း... ၊မနက်ခင်းအနမ်းလေးခြွေမယ် စိတ်ကူးဖြင့် ဘေးမှာအိပ်
နေတဲ့ မတ်မတ်ကိုကြည့်လိုက်ရာဝယ်... ခေါင်းအုံးနဲ့ နေရာလွတ်သာရှိနေတာမို့ မိုင်း ဟင်ခနဲဖြစ်သွားရသည်။လူကလည်း ကုတင်ပေါ်မှ ဆင်းပြီးသားဖြစ်သွားရ၏။

" ကျွီး.. မတ်မတ်။ဟင်... ဒုန်း "

ရေချိုးခန်းထဲမှာများရှိမလားအထင်နဲ့ မိုင်း
အခန်းတံခါးကိုဖွင့်ကြည့်ရာတွင်လည်း မတ်
မတ်က ရှိမနေတာမို့.. ရေချိုးခန်းတံခါးကိုပြန်ပိတ်ပြီး မိုင်း အောက်ထပ်ကို အပြေးဆင်
းခဲ့လိုက်သည်။

" မတ်မတ်... မတ်မတ် "

" အစ်ကိုလေး မမပန်း ကို ရှာနေတာလား "

မိုင်း မတ်မတ် ကို အိမ်ရှေ့မှာမတွေ့တာကြော
င့် ထမင်းစားခန်းထဲအထိပါ ဝင်သွားပြီးခေါ်
တော့ ပိုးဖြူ က မမပန်းကို ရှာတာလားလို့ မေးသည်။

" အင်း ဟုတ်တယ်။ငါ့ မိန်းမကို ရှာတာ။မတ်မတ် ဘယ်မှာလဲ ပိုးဖြူ။ "

" မမပန်း ကုမ္ပဏီသွားဖို့အတွက် သူ့အိမ်မှာ
မယူရသေးလို့ ကျန်နေတဲ့ လပ်တော့နဲ့စာရွ က်စာတမ်းတွေယူဖို့အတွက် ခဏပြန်သွားပါ
တယ် အစ်ကိုလေး။ "

" ဟုတ်လား။မတ်မတ် သွားတာကြာပြီလား။ "

" နည်းနည်းတော့ကြာပြီ၊ပြီးတော့ မမပန်း က
အစ်ကိုလေး အပြင်သွားမယ်ဆိုရင် နံနက်စာ
​စားပြီးမှ သွားပါတဲ့..။ "

" အင်း.. နံနက်စာ က နင် ဘာလုပ်ထားလဲ
ပိုးဖြူ။ "

" နံနက်စာ က ပိုးဖြူ ဘာမှမလုပ်ဘူး။မမပန်း
ပဲ လုပ်တာ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now