မောင့်အသည်းခြွေတဲ့ ပန်း Part (3)

10.3K 253 1
                                    

      💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔

                        အခန်း (3)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဘာ အဲ့ကောင် ပြန်သွားတယ် ဟုတ်လား သမီး ပန်းတော်ဦး။ "

" ဟုတ်ကဲ့ အန်ကယ်။ "

ဦးမိုးမြတ် ချွေးမလောင်းရဲ့ စကားအဆုံးမှာတော့ဖြင့်... အိန္ဒြေမဆည်နိုင်လောက်အောင်ကို ဒေါသတို့ ထွက်လာပြီး...

" တောက်...ဒီကောင်တော့ ဘာအချိုး ချိုး
သွားတယ်မသိဘူး။လူကြီးတွေ မျက်နှာကို မှ
မထောက် လုပ်ချင်တာ လုပ်သွားတယ်။မီ အဲ့
ကောင်ဆီ အခု ဖုန်းဆက်ပြီး၊ အခုချက်ချင်းပြန်လာခိုင်းလိုက် "

ဦးမိုးမြတ် စေ့စပ်ပွဲကနေ လူကြီးတွေကို ဘာ
တစ်ခွန်းမှ မ​ပြောပဲ ပြန်သွားတဲ့ သားကို ကြိတ်မနိုင်ခဲမရဖြင့် ဒေါသများဖြစ်ရပြီး...
ဇနီးသည်ကိုပါ ဖုန်းဆက်ခေါ်ခိုင်းလိုက်သည်

" ဟင်... ပြန်လာခိုင်းရမှာလား။သားက သွား
ပြီလေ ကို ရဲ့.. စေ့စပ်ပွဲကလည်း အကုန်လုံး
သဘောတူထားပြီးသားလေ။သားကို ပြန်
လာဖို့ ထပ်ခေါ်ရင်၊ အချိန်တွေကြာကုန်မယ်
ထင်တယ်နော် ညီမနှင်းဆီ "

ဒေါ်မီမီ သားကို ပြန်လာခိုင်းရင် သူစိမ်းလူ
တွေရှေ့မှာ၊သားတို့သားဖနှစ်​ယောက် စကား
များ ပြဿနာဖြစ်မှာဆိုးတာကြောင့်.. စကား
ကို ထိန်းကာပြောလိုက်သလို...ခမည်းခမတ်
ညီမကိုပါ စစ်ကူတောင်းသလို... အကြည့်နဲ့ကြည့်၍ ပြောလိုက်သည်။

ဒေါ်နှင်းဆီလည်း တစ်ဖက် ခမည်းခမတ်က
အကူညီတောင်းသည့်... မျက်ဝန်းတွေနဲ့ကြ
ည့်လာတာကြောင့်..သမက်လောင်းကိုဒေါသ ဖြစ်မိတဲ့.. စိတ်ကိုရင်ထဲမှာသာ မြိုသိပ်လိုက်ပြီး..၊ဘာမှမဖြစ်တဲ့ မျက်နှာအမူအရာမျိုး ဟန်လုပ်၍...

" အင်း..ဟုတ်တာပေါ့ အစ်မ။သားမိုင်း ဒီကို ပြန်လာနေရင် အချိန်တွေနောက်ကျကုန်မှာပေါ့။မင်္ဂလာပွဲက နှစ်ဖက်လူကြီးတွေအကုန် သဘောတူပြီးသားဆိုတော့... စေ့စပ်ပွဲလည်း အထမြောက်သွားပြီပဲ။ပြန်လာခိုင်းမနေပါနဲ့.
တော့။ "

" စေ့စပ်ပွဲ အထမြောက်ပေမယ့်လည်း စေ့စ
ပ်လက်စွပ်တွေက အခုထိ ကလေးတွေ အပြ
န်အလှန်လဲလှယ်ပြီး၊စွပ်မပေးရသေးဘူးလေ
ညီမရဲ့..သမီးပန်းကိုလည်း အားနာဖို့ကောင်း
လိုက်တာ။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now