မောင့်အသည်းခြွေတဲ့ ပန်း Part (14)

5.7K 135 1
                                    

       💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (14)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မတ်မတ် အခန်းထဲမှာပဲလား။ထွက်မလာ
သေးဘူးလား။ "

" ဟုတ်တယ် အစ်ကိုလေး။ "

" အင်း.. ငါ သော့အပိုနဲ့ဖွင့်လိုက်မယ်။ပိုးဖြူ
နင် အောက်မှာလုပ်စရာရှိတာ သွားလုပ်ချေ။ "

" ဟုတ်ကဲ့  အစ်ကိုလေး။ "

မိုင်း ပိုးဖြူ ကို ပြောပြီးတာနဲ့ သူတို့အိပ်ခန်း
တံခါးသော့အပိုကိုယူပြီး သော့ဖွင့်၍ အခန်းထဲကိုဝင်လိုက်သည်။

" ဟင့်... ဟင့် "

" မတ်မတ် "

မိုင်း အခန်းတံခါးဖွင့်ဝင်လိုတယ်ဆိုရင်ပဲ၊ကု
တင်အောက်မှာ ဆောင့်ကြောင့်လေးထိုင်ကာ
ဒူးနှစ်ဖက်ကိုပွေ့ပိုက်၍ မျက်ရည်အရွဲသားနဲ့
ငိုရှိုက်နေတဲ့ မတ်မတ်ကို တွေ့လို့က်ရသည်။

မိုင်း စိုးရိမ်စိတ်တွေနဲ့ ချစ်ဇနီးလေးအနားကို
သွားကာ...ရှေ့တည့်တည့်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ငိုနေတဲ့ မျက်နှာလေးကို မော့
ယူလိုက်ကာ...

" မတ်မတ် ဘာဖြစ်လာတာလဲ။ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ။မောင့် ကို ပြောပါဦး။ "

" ဟင့်ဟင့်... ဟင့်ဟင့် "

" မတ်မတ် မောင် မေးနေတယ်လေ။ဘာလို့
ငိုရတာလဲလို့.. အိမ်မှာ ဘာပြဿနာဖြစ်လို့လဲ မတ်မတ်။ "

" ဟင့်ဟင့်.. ဟင့်ဟင့် "

" ဟာ.. မတ်မတ် မတ်မတ် သတိထားပါအုံး။
မတ်မတ်။ ပိုးဖြူရေ  ပိုးဖြူ​ အပေါ်ထပ်ကိုအမြန်လာစမ်း။ "

မိုင်း သူမေးတာကိုမဖြေဘဲ ရှိုက်ကြီးတငင်ငို
ကြွေးနေရင်း မေ့လဲကျသွားတဲ့ မတ်မတ်​ကြောင့် လူကထူပူသွားရသည်။အောက်ထပ်မှာရှိနေတဲ့ ပိုးဖြူကို လှမ်းအော်ခေါ်ပြီး သ တိမေ့နေတဲ့ မတ်မတ်ကိုယ်လေးကို ပွေ့ချီပြီး
အိပ်ရာထက်ညင်သာစွာတင်လိုက်သည်။ထို
အချိန်မှာပဲ....

" အစ်ကိုလေး ပိုးဖြူ ရောက်ပါပြီ "

" ဆရာဝန်ဆီ အခုချက်ချင်း ဖုန်းခေါ်လိုက်၊
အိမ်ကို အမြန်လာပေးဖို့ ပြောလိုက်.. "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now