မောင့်အသည်းခြွေတဲ့ ပန်း Part (18)

3.7K 104 0
                                    

        💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (18)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ကျွန်မ သားလေးနဲ့သမီးလေး တော်တော်
များ ထိခိုက်သွားသလား မသိဘူး။တစ်ခုခု
တော့မဖြစ်လောက်ပါဘူးနော် ကိုမိုး "

" စိတ်ကို အေးအေးထားပါ မီရယ်။ကိုယ်တို့သားနဲ့သမီး ဘာမှမဖြစ်လောက်ပါဘူးကွာ။
အခုပဲ ဆေးရုံရှေ့ရောက်နေပြီ စိတ်ကိုလျော့
ထား။လာ... ကိုယ်တို့ သားနဲ့သမီးဆီသွားကျ
မယ် "

" အင်း... "

ဦးမိုးမြတ် သူကိုယ်တိုင်းလည်း သားနဲ့ချွေးမ
ကို စိတ်ပူနေမိသော်လည်း... ဇနီးသည်က ကိုယ့်ထက် ပိုစိတ်ပူနေတာကြောင့်... ကိုယ့်ရဲ့စိ
တ်ပူမှုထက် ဇနီးသည်ကိုသာ စိတ်သက်သာရာရအောင် နှစ်သိပ့်ပြောပေးလိုက်သည်။

" သူဌေးနဲ့သူဌေးကတော် တို့ ရောက်လာပြီ
လား "

" ဟုတ်ကဲ့ ကျွန်တော့် ကလေးတွေရော ကို
အောင်မင်း "

ဦးမိုးမြတ် ဆေးရုံစင်္ကြလမ်းမှာ မျက်နှာချင်း
ဆိုင်တွေ့လိုက်ရတဲ့ ကိုအောင်မင်း ကို ကလေ
းတွေ ဘယ်မှာရှိလဲဆိုတာ အလောတကြီး
မေးလိုက်မိသည်။

" ဒီအခန်းထဲမှာပါ သူဌေး။မပန်းတော်ဦး က
သတိပြန်ရနေပါပြီ။အခု ကိုဘုန်းနေမိုင်း ဘေ
းမှာ ရှိနေပါတယ်။အဲ့ဒါကြောင့် ကျွန်တော်
အပြင်မှာ စောင့်နေတာပါ သူဌေး "

" ဟုတ်လား။ကလေးတွေကို ဆေးရုံပို့ပေးတာ  ကျေးဇူးပါ ဗျာ။ကျွန်တော်တို့ ကလေး
တွေကို သွားကြည့်လိုက်ဦးမယ် "

" ဟုတ်ကဲ့ သူဌေး "

" လာ... မီ "

ကလေးတွေရှိနေတဲ့ အခန်းထဲကို ဇနီးသည်နဲ့
အတူဝင်သွားလိုက်သည်။

ဒေါ်မီမီတို့ ဆေးရုံအခန်းထဲရောက်သွားတော့... ဆေးရုံကုတင်ထက်၌ ခေါင်းမှာပတ်တီးအဖွေးသားနဲ့ သား ကို တွေ့လိုက်ရသည်။ချွေးမလေးကတော့ သားရဲ့ လက်​ကလလေးတစ် ဖက်ကို ဆုပ်ကိုင်ပြီးထိုင်နေ သည်။

ချွေးမလေး နဲ့ သားအနားကို လျှောက်သွား
လိုက်ပြီး....

" မာမီ့ သမီးလေး ဘယ်နားထိခိုက်မိသွားသေးလဲ။ဒဏ်ရာကြီးကြီးမားမားတော့ မရဘူးမလား။မာမီတို့ သမီးနဲ့သားထိခိုက်မိတယ်ဆိုတဲ့ သတင်းကြားကြားချင်ပဲ လာခဲ့
တာ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now