မောင့်အသည်းခြွေတဲ့ ပန်း Part (15)

5.5K 126 0
                                    

    💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (15)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မောင်ကလည်း တို့ တကယ်နေကောင်းပါ
ပြီ၊အာ့ကြောင့် အလုပ်သွားမယ်နော်။ "

​ဘာမှမဖြစ်တော့တဲ့ ပန်း ကို အလုပ်မသွားရ
ဘူး။အိမ်မှာပဲနေရမယ်ဆိုနေတဲ့ မောင့်ကို
ကလေးလေးလို အနားကိုကပ်​၍ပူဆာသော်
လည်း....

" မသွားရဘူးလို့ မတ်မတ် ကို မောင် ပြောပြီး
ပြီ၊နောက်ထပ် စကားတွေထပ်မပြောနဲ့တော့
အိမ်မှာ မတ်မတ် မာမီ စကားပြောရင်း အား
ရှိအောင် အနားယူရမယ်။ဒီနေ့ ဘယ်ကိုမှသွ
ားရဘူး။ "

" မောင်ကလည်း ကုမ္ပဏီမှာ တို့ အလုပ်တွေ
အများကြီးပဲ။မနေ့ကလည်း အလုပ်ပျက်ထားတာ အ​လုပ်ကြွေးတွေပုံနေပြီ မောင်ရဲ့...
အာ့ကြောင့် ဒီနေ့ အလုပ်သွားမယ်နော်။ "

" တစ်ခုခုဆို ဘာလို့ ပြောရခက်နေတာလဲ။
ယောကျ်ားဖြစ်တဲ့ မောင် က မသွားရဘူးလို့
ပြောရင်၊ပြောတဲ့အတိုင်းနားထောင်ပေးလို့မ
ရဘူးလား။ပြီးတော့ စကားပြောရင် တို့ကတို့ကလို့မပြောနဲ့ တစိမ်းဆန်တယ်။မ လို့ပဲ ပြော
ပြောထားတဲ့အတိုင်း​ပြောနော်။မောင် က စိတ်ရှည်တဲ့သူ မဟုတ်ဘူး။ "

" မောင် မကြိုက်တာကို မ မပြောတော့ဘူးလေ။အာ့ကြောင့် အလုပ်သွားမယ်နော်။အ လုပ်တွေအရမ်းများနေတော့မှာမို့လို့ပါ မောင်ရယ် နော်.. နော်လို့... "

မတ်မတ်က သူ့ ရှေ့တည့်တည့်ကနေလာရပ်ပြီး သူ့ ခါးကို ဖက်တွယ်လိုက်သည်က ရင် ချင်းအပ်အနေ အထားဖြစ်သွားစေသည်။ ရင်ခွင်ထဲကနေ သူ့ မျက်နှာကိုမော့ကြည့်ပြီး အလုပ်သွားဖို့ပြောလာတဲ့.. မတ်မတ် လက်နှစ်ဖက်ကို မိုင်း သူ့လက်တစ်ဖက်တည်းနဲ့ဆုကိုင်လိုက်သည်။ပြီးနောက် ဆုကိုင်ထားတဲ့ လက်ကလေးနှစ်ဖက်နဲ့အတူ နံရံဆီ မတ်မတ်ကိုယ်လေးကိုတွန်းကပ်ပစ်လိုက်သည်။မျက် နှာနှစ်ခုကိုနီးကပ်သည့်အထိတိုးကပ်လိုက်ပြီး နဖူးချင်းထိတိုက်ကာ.....

" ဘယ်အလုပ်မှမသွားရဘူး။အိမ်မှာပဲနေရ
မယ်။ကုမ္ပဏီက အလုပ်ကြွေးတွေကို နောက်
ရက်မှပြန်လုပ်။ ဒီနေ့အတွက် ဒယ်ဒီ့ဆီမှာ
မောင့် အလုပ်နားခွင့်တောင်းထားတယ်။အဲ့ဒါကြောင့် အပြင်နဲ့အလုပ်သွားဖို့ကို အတွေးထဲတောင်မထည့်နဲ့... အိမ်မှာပဲနေရမယ်။အ ရမ်းတွေ အလုပ်လုပ်ချင်နေသပဆို အပြင်သွားတော့မယ့် ယောကျ်ားကို အဝတ်စားပြင်ဆင်ပေးပြီး၊အနမ်းတွေပေးလေ။ဒီက ချစ်လို့ မတ်မတ် ပြုသမျှ အနစ်နာခံပြီးနေပေးမယ်။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now