မောင့်အသည်းခြွေတဲ့ ပန်း part (8)

6.2K 145 0
                                    

      💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (8)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဟာ... မတ်မတ်ကလည်း မင်္ဂလာဝတ်စုံ က တောင်ရှည်ပုဆိုး တိုက်ပုံနဲ့၊ထိုင်မသိမ်းဝတ်စုံကြီးတဲ့လား ဗျာ..။ပုံမလာ ပန်းမလာကြီးကိုး
စတိုင်ကျကျ လန်းလန်းလေးဖြစ်အောင် ​အ နောက်တိုင်းဝတ်စုံပဲ ရွေးရအောင်နော်။ "

သတို့သား သတို့သမီး ဝတ်စုံရွေးရာတွင်...
မတ်မတ် က သူ မဝတ်ချင်ဆုံးအရာ မြန်မာဝတ်စုံကိုသာ ရွေးချယ်လိုက်တာမို့... မိုင်း အ
နောက်တိုင်းဝတ်စုံကို ရွေးရန် မတ်မတ်အနား
ကပ်၍ ပြောလိုက်သည့်အခါ....

" မင်း မဝတ်ချင်ရင်လည်းရတယ်လေ။ "

" တကယ် ရတယ်လား မတ်မတ် ။"

မိုင်း သူ မဝတ်ချင်ရတယ်ဆိုတာမို့ ဝမ်းသာ
အားရဖြစ်လို့မှ မပြီးသေး... မတ်မတ် ထပ်
ပြောလာတဲ့ စကားက သူ့အပျော်တွေကို
ရပ်တန့်သွားစေ၏။ထိုစကားကတော့....

" မင်္ဂလာပွဲဖျက်လိုက်လေ။အဲ့ဒါဆို မင်း မဝတ်ချင်တဲ့ အဝတ်အစားကို မဝတ်ရတော့ဘူးပေါ့။အဲ့တော့ တို့ရွေးတာကို ဝတ်မလား။ ဒါမှ မဟုတ် မင်္ဂလာပွဲဖျက်... "

"မတ်မတ် ရွေးတာ ဝတ်မယ်။ဒီအဝတ်အစား လေးအတွက်နဲ့ မင်္ဂလာပွဲဖျက်စရာလား ဗျ။ "

ပန်း စကားမဆုံးခင် ပျာပျာသလဲ ဖြတ်ပြောလာတဲ့ ကောင်လေး​ကြောင့် ရယ်ချင်ရဲ့လက်
တို့ဖြစ်သွားရင်းက... ပန်း မျက်နှာလေးကို တည်လိုက်ပြီး....

" အဲ့ဒါဆို မင်း ကိုယ်အတိုင်း သူတို့ကိုပေးဖို့
လိုမယ်။ဒီရှေ့မှာလာရပ်ပြီး သူတို့လိုတဲ့ ကိုယ်အတိုင်း ပေးလိုက်... "

" အိုကေ " လို့ပြောပြီး ဒီဇိုင်းနာဆီမှာ ကိုယ် အတိုင်းပေးလိုက်တဲ့ သူ...

" မတ်မတ်နဲ့ အဖြူလေးက လိုက်တယ်။အ
ရောင်ကို အဖြူ ယူပါလား။ "

" တို့က အဖြူမကြိုက်ဘူး။အဲ့ဒါကြောင့် ရွှေ
အိုရောင်ပဲ ယူမယ်။ မင်း မကြိုက်ဘူးဆိုရင်
လည်း.... "

" နိုး... နိုးနိုး ကျွန်တော် အဖြုမကြိုက်ဘူး။
မတ်မတ် ကြိုက်တဲ့ ရွှေအိုရောင်ပဲ ကြိုက်တာ
။အဲ့ဒါကြောင့် မတ်မတ် သဘောကျအတိုင်း
ပါပဲ။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now