မောင့်အသည်းခြွေတဲ့ ပန်း Part (24)

2.6K 53 0
                                    

       💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (24)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ပန်းကိုယ့်ဘာသာ ထည့်စားပါမယ်။ "

ပန်း ထမင်းပန်းကန်ထဲကို ဟန်မင်း ဟင်းတွေခက်ထည့်ပေးနေတာကို မကြိုက်တာကြောင့်
​မထည့်ပေးဖို့ ပြောလိုက်သည်။ထိုအခါ...  ဟန်မင်း က သူ့လက်ထဲက ဇွန်းခရင်းကိုချပြီး...

" ကိုယ်ဘာလုပ်လုပ် မင်းမှာ ငြင်းဆိုခွင့်မရှိဘူးဆိုတာတော့ သိတယ်မလား။ "

ပန်း ကိုယ်ဆိုတဲ့အသုံးအနူန်းကိုပြောင်းသုံး
ပြီး... လေသံမာမာနဲ့ပြောလာတဲ့ ဟန်မင်း မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်ပြီး...

" ရှင် ဘာလုပ်လုပ် ငြင်းဆိုခွင့်မရှိဘူးဆိုရ
အောင်၊ပန်း က ရှင့်ဆီမှာ ပန်းဘဝတစ်ခုလုံး
ကို အပိုင်ပေးပါတယ်ဆိုပြီး ရောင်းစားထား
တာ မဟုတ်ဘူး။ပန်း မာမီအတွက် မလွှဲသာ
လို့ ပထွေးဖြစ်သူရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ကို
လက်ခံလိုက်ရတာပဲရှိတယ်။ရှင့်ကို သဘော
ကျလို့ တွဲနေတာမျိုး မဟုတ်ဘူး။ပြီးတော့ နှစ်လအတွင်းမှာ ရှင် ကျွန်မအပေါ်မှာ ဆက်
ဆံတဲ့အခါ ချစ်သူတွေအဆင့်ထက်ပိုမလာပါ
စေနဲ့။ချစ်သူအဆင့်ထက်ပိုလာခဲ့ရင် အဲ့အချိ
န်ကျရင် ပန်း ရှင့်ကို လက်လွတ်စပယ်ပြန်တုန့်မိလိမ့်မယ်ဆိုတာ သိထားပေးပါ။ "

" အဟင်း... "

ဟန်မင်း မျက်နှာထားတင်းတင်း စကားသံမာမာဖြင့် သူ့အား ပြောလာတဲ့... ပန်းတော်ဦးဆိုတဲ့ အ လှပဂေးမလေးရဲ့ ​သတိပေးခြိမ်း ခြောက်တဲ့ စကားတွေ​ကြောင့်... အသံထွက်
၍ပင် ရယ်မိလိုက်သည်။ထို့နောက် နူတ်ခမ်း
တစ်ဖက်ကိုတွန့်ကွေးပြီး ပြုံးထားတဲ့အပြုံးနဲ့သူ့အသည်းကို လှုပ်မရအောင် တုတ်နှောင်ထားတဲ့.. ခပ်ချေချေ သူမမျက်နှာလေးကို စို
က်ကြည့်လိုက်ပြီး...

" ခြိမ်းခြောက်တဲ့ မင်းရဲ့စကားကို သိပ်ကြော
က်လွန်းလို့ ကိုယ့်ဘက်က ဆင်ခြင်ရမှာပေါ့။
အဟင်း.. "

​လှောင်သလို ပြောင်သလိုအပြုံးနဲ့ လူကို အ နေရခက်ရလောက်တဲ့အထိ... ယဥ်ကျေးမှုမရှိစွာ စိုက်ကြည့်ပြီးပြောလာတဲ့ ဟန်မင်းရဲ့..
စကားတွေကို ပန်း မနှစ်မြို့လို့နေသည်။စက
ားကိုတင်မှ မဟုတ် စားနေတဲ့.. အစားအ​ေ
သာက်တွေကို ပန်း မ​နှစ်မမြို့နဲ့ရွံရှာနေမိပါ သည်။ဖြစ်နိုင်ရင် မစားဘဲနဲ့ကို နေချင်တာပါ။ဘယ်လိုမှ မစားဘဲနေလို့မရတာမို့..ကြိတ် မှိတ်မြိုချနေရသည်က အဆိပ်ကိုစားနေရသလိုပါပဲ။ပန်း ဒီလိုခံစားနေရတာက မောင့်အ
ပေါ်မှာ မလုပ်သင့်တာကို လုပ်နေမိတာကြော
င့် လောလောလတ်လတ် အပြစ်ဒဏ်ခံစားနေရတာလို့ပင် ပန်း မှတ်ယူထားလိုက်ပါ​ေ
တာ့သည်။

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now