မောင့်အသည်းခြွေတဲ့ ပန်း Part (5)

8.6K 202 0
                                    

        💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔

                        အခန်း (5)
💔💔💔💔💔💔💔💔💔💔💔💔💔💔

" ဟာ..အစ်ကိုလေး ကုမ္ပဏီကိုလာတာလား။ "

မိုင်း ကုမ္ပဏီထဲဝင်လာပြီး ဒယ်ဒီရှိနေမဲ့
တတိယထပ်ကို တက်လာခိုက်.. မိုင်း နဲ့ သက်
တူရွယ်တူ ဒယ်ဒီ့ အတွင်းရေးမှူး က မိုင်း ကို တွေ့တာနဲ့ အနားကိုအပြေးလာသည်။

" အင်း ဟုတ်တယ်။ "

" သူဌေးဆီလာတာလား အစ်ကိုလေး။ "

" သူဌေးဆီ လာတာ မဟုတ်ဘူး။သူဌေးရဲ့ အ
ထွေထွေလက်ထောက်ဆီကို လာတာ။ "

" သူဌေးရဲ့ အထွေထွေလက်ထောက်ဆီ...၊ ဪ... အစ်ကိုလေး က မပန်း ဆီလာတာကိုး "

မိုင်း ပြောတာကို နားလည်သဘောပေါက်သွားတဲ့ အတွင်းရေးမှူးကောင်း အား....

" ဟုတ်တယ် သူဘယ်မှာလဲ။ငါ သူ့ကို တွေ့
ချင်တယ်။ "

" မပန်း ရှိပါတယ်။သူဌေးနဲ့အတူ မီတင်ထိုင်
နေရတာ။အခုလောက်ဆို ပြီးလောက်ပြီထင်
တယ်။ကျွန်တော် က သူဌေးခိုင်းထားတာ ရှိ
လို့ အပြင်သွားရမှာ အစ်ကိုလေး။အာ့ကြောင့် မပန်း အလုပ်ခန်းကို လိုက်မပို့ပေးနိုင်တော့
ဘူး။ဒီစင်္ကြန်လမ်းအတိုင်း လျှောက်သွားလို
က်ပါ လမ်းဆုံးတာနဲ့... မပန်းရဲ့အလုပ်ခန်းကို
ရောက်ပါပြီ။အခန်းထဲဝင်ပြီး အစ်ကိုလေး စောင့်နေလို့ရပါတယ်။ "

" အိုကေ ကျေးဇူး ကောင်း။ "

" ဟုတ်ကဲ့ အစ်ကိုလေး။ဟင်... ဟိုမှာ မပန်း
အစ်ကိုလေး။မီတင် ပြီးသွားပြီ ထင်တယ်။ "

မိုင်း ကောင်း လက်ညိုးညွှန်ပြတဲ့နေရာကို
လှမ်းကြည့်လိုက်စဥ်... အသားဖြူဖြူဝင်းဝင်းလေးထက်... ကြက်သွေးရောင် ဇာဝမ်းဆက် အင်္ကျီလက်ပြတ်ကလေးကို ဝတ်ဆင်ထားသည်။ဆံနွယ်ရှည်ကို ခပ်မြင့်မြင့်လေးစည်းထားပြီး လှချင်တိုင်းလှနေတဲ့... မတ် မတ်က လက်ထဲမှ ဖိုင်တချို့ကို ပိုက်ကာ....

အနက်ရောင် အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားတဲ့... သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နဲ့ ဘေးချင်းယှဥ်လျှေ
ာက်၍ရယ်မောကာ စကားပြောရင်း...သူနဲ့ မျက်နှာချင်းဆိုင်ဘက်ကို လျှောက်လာနေ
သည်။

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now