အပိုင်း(2)

7.3K 451 13
                                    

" ကိုကို မင်းအခုချိန်ကောင်းရာမွန်ရာရောက်နေလောက်ပြီးမလား
အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း ငါ့ဘေးနားမှာမင်းရှိနေတယ်ဆိုတဲ့ အသိနဲ့ ငါရှေ့ဆက်ခဲ့တယ်။

မထင်မှတ်ဘဲငါတို့နှစ်ယောက်ကြားကိုသူစိမ်းယောက်ျားလေး
ဝင်လာတော့ ရန်ဖြစ်ကြရတယ် သွေးကွဲခဲ့ရတယ် နောက်ဆုံးသေကွဲခွဲ့ခဲ့ရတယ်။

ငါ့ကိုတစ်ယောက်ထဲချန်ပြီး ထွက်သွားကြတယ်။ လူ့လောကထဲကို မင်းနဲ့ငါတစ်မိနစ်မခြားဘဲရောက်လာသလို
ထွက်ခွာရင်လည်း အတူတူထွက်ခွာသွားကြမယ်လို့ မင်းပဲပြောခဲ့တယ်လေ

အခုတော့..........."

ဒဏ္ဍာရီစာအုပ်လေးပေါ်မှာ ချရေးလိုက်သောသူ့အတွေးထဲကစကားလုံးလေးတွေ

မျက်ရည်မကျရုံတမယ် ခံစားနေရသော သူ့စိတ်ခံစားချက်တွေအားလုံးကို နားထောင်ပေးပြီးအဖော်ပြုပေးမဲ့ ဘောပင်ကလေးနဲ့စာအုပ်ကလေးရယ်သာ ရှိလေသည်။

ရိပေါ်လည်း လက်ထဲကဘောပင်လေးကိုစာအုပ်ပေါ်အသာလေးချပြီး
အတိတ်ကပုံရိပ်တစ်ချို့ကို ပြန်ကာမြင်ယောင်လာမိလေ၏ ။

" ရိမင်  မင်းဘာလို့ငါ့အဝတ်စားတွေယူဝတ်ထားတာလဲ "

" မင်းအဝတ်စားနဲ့ငါ့အဝတ်စားကအတူတူပဲလေ ဘာတွေတွန့်တိုနေတာလဲ မင်းအဝတ်လဲငါပိုင်တယ်
ငါ့အဝတ်တွေလဲမင်းပိုင်တယ်"

အမွှာဖြစ်သူရိမင်စကားကြောင့် ရိပေါ်သက်ပျင်းချမိလေသည်။
ရိမင်ကရိပေါ်ထက် စက္ကန့်နဲ့ကြီးပေမဲ့လည်း ရိပေါ်လောက်မရင့်ကျက်ပေ။

ရိပေါ်ကတော့လူငယ်တစ်ယောက်လို့ထင်ရက်စရာကိုမရှိပေ။
အနေအထိုင်အသွားလာအစားသောက်တွေကအစ စီးပွားရေးဆန်သောဦးလေးကြီးတစ်ယောက်လို ဖြစ်နေလေ၏ ။

ထို့ကြောင့် ရိမင်နဲ့ ရိပေါ် တို့မိဘတွေမရှိတော့တဲ့နောက်ပိုင်း လုပ်ငန်းတွေအားလူံးကို ရိပေါ်ကပဲဦးစီးဦးကိုင်လုပ်လေသည်။

ရိမင်ကတော့ပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်နေတတ်သူ ဖြစ်သောကြောင့်လုပ်ငန်းကိစ္စတွေကိုစိတ်မဝင်စားပေ။

မောင့်အရိုင်းပန်း(complete)Donde viven las historias. Descúbrelo ahora