အပိုင်း(26) zawgyi+uni

2.9K 167 6
                                    

" ကျန့်ငယ် မောင်ပြန်လာပြီး "

လက်တစ်ဖက်က ဖုတ်ပြီးသားဂဏန်းထုပ်ကိုကိုင်ကာ ကျန်လက်တစ်ဖက်က ညီလေးကိုကာပြီးအိမ်ထဲသို့ဝင်လာသော
ရိပေါ်ပါလေ။

ရှောင်ကျန့်မျက်လုံးတွေကလည်း ရိပေါ်မျက်နှာဆီမရောက်ဘဲ
ရိပေါ်ကာထားသောညီလေးဆီကိုသာရောက်နေလေသည်။

" မောင် ဘာဖြစ်လို့လက်က ကာထားတာလဲ
ဂဏန်းရောပါလာပြီးလား "

" ဒီမှာ ကျန့်ငယ်စားချင်တဲ့ဂဏန်း
အာ့ ကျွတ်စ် ကျွတ်စ် "

" ယေး ဒါမှကျွန်တော့်ရဲ့မောင်
မောင် ဘာဖြစ်နေတာလဲလို့ "

" ဟိုလေ ဟိုလေ မောင့်ညီလေးဒဏ်ရာရထားလို့ "

မထွက်တထွက်လေသံဖြင့်ပြောလာသောရိပေါ်အဖြေကိုကြား
ပြီးနောက်ရှောင်ကျန့်မျက်နှာထားတင်းမာလာလေသည်။

" ဘာ...  မောင် ဘာဖြစ်တယ်
ကျွန်တော်ရင်ကျိုးရတော့မှာလား ဟင့်
အဖြစ်မခံနိုင်ဘူးနော်

ဆေးရုံသွားမယ် လာ လိုက်ခဲ့ "

"ဟာ မဟုတ်ဘူးလေ ကျန့်ငယ်ခဏစောင့်အုန်းဆို "

ဒီလိုနဲ့ပဲ ရှောင်ကျန့်ဆွဲခေါ်ရာနောက်ပါသွားသော
ရိပေါ်။

အခုလည်းရိပေါ်ကားမောင်းနေရင်းဘေးကနေ ဖုတ်ထားသောထိုဂဏန်းလေးကို အားရပါးရစားနေလေရဲ့။

" အွန်း ချိုလိုက်တာ မောင်ကောင်းတယ်နော်
ဟီ အဲ့တာကြောင့်မောင့်ကိုချစ်တာ
မောင်ရောစားအုန်းမလား  အာ "

စားအုန်းမလားဆိုပြီး သူ့ကိုပါးစပ်ဟခိုင်းကာဂဏန်းကိုခွံ့ပေးလာသော ကျန့်ငယ်ပါ။

" မောင်မစားပါဘူးကျန့်ငယ်ရဲ့ ကျန့်ငယ်ပဲဝအောင်စားနော် "

" ဟုတ် "

ရိပေါ်ပြောလိုက်တော့ ရှောင်ကျန့်လည်းဂဏန်းကိုဆက်ကာစားနေလေသည်။

5မိနစ်လောက်နေတော့ စားနေရင်းကနေ ရှောင်ကျန့်ဆီကရှိုက်သံထွက်လာခဲ့သည်။

" ဟင့် ဟင့် "

ရိပေါ်လည်း ရှောင်ကျန့်ရှိုက်သံကြားတော့ စိုးရိမ်ကာ
ကားကိုလမ်းဘေးထိုးရပ်ချလိုက်လေ၏။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now