အပိုင်း(5) zawgyi+uni

4.6K 375 10
                                    


မီးဖိုချောင်ထဲက အနီရောင်ကော်ဇော်အခင်းကြီးပေါ်မှာထိုင်ပြီး  ခရမ်းချဉ်သီးမှည့်မှည့်လေးတွေကိုမီးဖိုပေါ်တင်ကာ ဖုတ်နေသော
ရှောင်ကျန့်။

ကြီးကြီးမြလဲ ရှောင်ကျန့်လိုအပ်သမျှယူပေးဖို့ဘေးမှာရပ်စောင့်နေလေရဲ့။

ရိပေါ်ထွက်သွားပြီးနောက် နိုးနိုးချင်းမှာပင်
ခရမ်းချဉ်သီးဖုတ်ငါးပိကြော်ကိုမှချဉ်ချင်းတက်နေပါတယ်ဆိုတဲ့ရှောင်ကျန့်ကြောင့်တစ်အိမ်သားလုံးလဲ သေချာစီစဉ်ပြီးလုပ်ပေးသော်လည်း  တစ်ခုမှအဆင်မပြေခဲ့ပေ။

တောချက်ရွာဓလေ့ ထိုဟင်းတစ်ခွက်ကို မြို့ကလူတွေချက်ရင်မည်သို့မျှ တူနိုင်မည်မဟုတ်ပေ။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ရှောင်ကျန့်ကိုယ်တိုင်ဝင်ချက်ရပေတော့သည်။

မီးဖိုချောင်ကကြွေပြားပေါ်မှာထိုင်ရင်အေးနေမည်ဆိုးသောကြောင့်
အနီရောင်ကော်ဇောပေါ်မှာထိုင်ခိုင်းခြင်းသာဖြစ်သည်။

အခုလည်း မီးသွေးခဲနီနီပေါ်မှာ တဖြည်းဖြည်းကျုံ့ဝင်တွန့်ရှုတ်သွားသော ခရမ်းချဉ်သီးအမှည့်လေးရဲ့ မွှေးရနံ့ကြောင့် သွားရည်ကျလုနီးပါးဖြစ်နေလေ၏ ။

" ကြီးကြီးမြ ကျွန်တော့်ကိုဒီဖုတ်ထားသောခရမ်းချဉ်သီးလေးကို အခွံခွာပေး "

" ဟုတ် သားကျန့် မြန်မြန်လုပ်နော် သခင်လေးပြန်လာတော့မှာ "

" ဟုတ်ကဲ့ "

ကြီးကြီးမြလည်း ရှောင်ကျန့်ခိုင်းသည့်အတိုင်းဖုတ်ထားသောခရမ်းချဉ်သီးရဲ့အပေါ်ယံအလွှာကို ခွာချလိုက်ပြီး ပန်းကန်လေးထဲမှာထည့်လိုက်လေသည်။

ခွာပြီးလှီးထားသောကြက်သွန်နီ နဲ့အဖြူ
ငရုတ်သီးအစိမ်းမှုန့်လေးကို ငရုတ်ဆုံထဲ
တော်သင့်ရုံလေးထည့်ပြီးညက်ညက်ထောင်းလိုက်လေ၏။

ရှောင်ကျန့်လည်းအကုန်အသင့်ဖြစ်တော့ ဆီပူသတ်ကာ ပြင်ထားသော ပစ္စည်းလေးနဲ့ဖျော်ထားသောငါးပိကိုထည့်လိုက်တော့သည်။

ခဏအကြာတော့ မွှေးကြိုင်သောခရမ်းချဉ်သီးငါးပိချက် ဟင်းတစ်ခွက်ကိုရလာလေ၏ ။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now