တိတ်ဆိတ်နေသောထိုအခန်းငယ်လေးထဲမှာ တစ်နာရီကြာသည်အထိ
ကုတင်ပေါ်မှာထိုင်နေသော လူသားနှစ်ဦးနှုတ်ဖျားစီက စကားလုံးများထွက်ပေါ်လာခြင်းမရှိပေ။တစ်ယောက်ကိုတစ်ယောက်သာ ကြည့်လိုက်ရွဲ့လိုက် မဲ့နေကြတော့သည်။
" အဟမ်း အဟမ်းသခင်လေး ကြီးကြီးမြ ရောက်ပြီး "
ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိသော ကြီးကြီးမြတစ်ယောက် ရိပေါ်နဲ့ ရှောင်ကျန့်ကိုကြည့်ပြီးခိုးရယ်နေလေ၏။
ခဏအကြာမှအသံပေးလိုက်တော့ ရိပေါ်လည်း မျက်လုံးကို ရှောင်ကျန့်ဆီမှ ခွာလိုက်ကာ ဆိုဖာပေါ်သွားထိုင်လိုက်လေသည်။
" ကြီးကြီးမြ အိမ်ပြန်တာကြာလိုက်တာ ကျွန်တော်ကလွမ်းနေတာ ကြီးကြီးမြသာရောက်မလာရင်
တစ်စုံတစ်ယောက်မျက်စောင်းကြောင့်ကျွန်တော်ပြာကျနေလောက်ပြီးဗျ့ "" ငါ့တူကတော့ ခဏနေသခင်လေးကြားသွားပါအုန်းမယ် "
" ကျွန်တော်အကုန်ကြားတယ်ကြီးကြီးမြ ပြောပါစေ
ပေးပြောလိုက် အရူးစိတ်ချမ်းသာရွာအေးတယ် ""ဘာ.. "
ဆေးရုံမှာရှိတဲ့တစ်လျှောက်လုံး
ရိပေါ်နဲ့ ရှောင်ကျန့်ကြားက ကြီးကြီးမြလည်း စိတ်တွေအလွန်ညစ်နေလေပြီ။ဒီလိုနဲ့ဆေးရုံမှာ2ရက်လောက်နေပြီးသည့်နောက် ရှောင်ကျန့်လည်းအိမ်ပြန်ဖို့ပူဆာလေတော့သည်။
Doctor တွေလည်းပြန်ခွင့်ပြုသောကြောင့်ရိပေါ်လည်း ဘာမှမပြောဘဲ အိမ်သို့ပြန်လာခဲ့ကြလေ၏ ။
" ကျန့်ငယ် "
အိမ်ပြန်လမ်းကကားပေါ်မှာတိတ်ဆိတ်နေသောရှောင်ကျန့်ကြောင့် ရိပေါ်တစ်ယောက်တိုးတိုးလေး ခေါ်ကြည့်လိုက်လေသည်။
ရှောင်ကျန့်တစ်ယောက် ရိပေါ်ခေါ်သံကို မကြားချင်ယောင်ဆောင်ကာ တစ်ဖက်သို့လှည့်လိုက်လေ၏။
" ကျန့်ငယ် ငါခေါ်နေတာမကြားဘူးလား "
" ဟွန့် "
ရိပေါ်စကားကိုပြန်မပြောဘဲ စိတ်ဆိုးနေသောပုံစံလေးသာပြပြီး ပြန်လှည့်မကြည့်သော ရှောင်ကျန့်ကြောင့် ရိပေါ်စိတ်ထဲ ပျာယာခတ်လေပြီ။
![](https://img.wattpad.com/cover/297668953-288-k693588.jpg)
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ