အပိုင်း(6) zawgyi+uni
4.5K 379 19
" မောင် ဘာလို့ကျွန်တော့်ကိုခေါ်တာလဲ "
" ထမင်းခူးပေး "
ရိပေါ်လည်း ရှောင်ကျန့်မျက်နှာကိုမကြည့်ဘဲပြောလိုက်တော့ ရှောင်ကျန့်တစ်ယောက် အောင့်တက်တက်နဲ့ခံရခက်နေလေသည်။
အခုပုံစံမျိုးက သခင်နဲ့အစေခံလိုဆက်ဆံရေးမျိုးမဟုတ်ပါလား။
"ရိပေါ်အတွက် ကျွန်တော်ကအစေခံတစ်ယောက်လား "
ရိပေါ်မကြိုက်သော နာမည်ကို သူခေါ်လိုက်မိ၏ ။
ဒီအိမ်ကိုစစရောက်ကတည်းက ရိပေါ်ကို နာမည်တပ်ခေါ်ပိုင်ခွင့်မရှိတာ သူမေ့သွားလို့မဟုတ်ပေ။
" ကျန့်ငယ် မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ် "
"  ရိပေါ် ရိပေါ်လို့ ခေါ်လိုက်တာလေ ကျွန်တော်သိချင်သော ထိုမေးခွန်းရဲ့ အဖြေကို ပြောပြသင့်တယ်မထင်ဘူးလား
ဒီအိမ်ကိုရောက်တစ်လရှိပြီး ဘာကြောင့်မို့ မောင်လို့ခေါ်ခိုင်းစေရတာလဲ  ဖြေလေ
ကျွန်တော်သိချင်တယ် ။"
" ကျန့်ငယ် မင်းကိုအချိန်တန်ရင်ပြောပြမယ် အခုချိန်ကအဲ့မေးခွန်းကိုမေးဖို့ အချိန်ကောင်းမဟုတ်ဘူး
မင်းကိုဒီလိုကျွေးပြီး ဒီလိုထားထားတာနဲ့တင် လုံလောက်ပြီး 
ငါ့အကိုလည်းမင်းကိုဒီလိုပုံစံနဲ့တွေ့ရင် စိတ်ချမ်းသာနေမှာ "
" ဒါမဲ့ ကျွန်တော်..."
" ရှူးးးး ငါထမင်းစားတော့မယ် 
တစ်ခါထဲဝင်စားလိုက် "
ရှောင်ကျန့်လည်းဘာမှ မပြောတော့ဘဲ မကျေနပ်သောအကြည့်ဖြင့်သာ လွတ်နေသောခုံတွင် ဝင်ထိုင်လိုက်လေသည်။
ရိပေါ်ကတော့ထမင်းစားပွဲပေါ်ရှိ ခရမ်းချဉ်သီးဖုတ်ငါးပိချက်ကိုသာ ခပ်ပြီး ကျန်သောဟင်းများကို လျစ်လျူရှူကာ စားနေတော့လေသည်။
" အဲ့ဟင်းကို ကျွန်တော်စားဖို့ချန်ထားအုန်း "
ရိပေါ်ခပ်စားနေတာ ဟင်းလေးကတစ်ဝက်ကျော်ကျော်ကုန်နေလေပြီ။ သူစားချင်လို့ချက်ထားပါတယ် ဆိုတဲ့ဟင်းလေး ကုန်သွားမည်ဆိုးသောကြောင့် စကားမပြောချင်ဘဲပြောလိုက်ရပြန်လေ၏။
မောင့်အရိုင်းပန်း(complete)Where stories live. Discover now