အပိုင်း(14)zawgyi+uni

4.2K 257 6
                                    

" အရှင်ဘုရား ဒီလူကမြို့ကနေလာခဲ့တဲ့ဧည့်သည်ပါ
ဒီကျောင်းမှာကပ္ပိယအလုပ်ကိုဝိုင်းကူလုပ်ရင်း ဘုန်းကြီးကျောင်းမှာပဲတည်းခွင့်ပြုပါတဲ့ "

" ကောင်းပြီလေကွယ် ဒီကျောင်းမှာက ကပ္ပိယဦးဘုန်းမြင့်တစ်ယောက်ထဲပဲဆိုတော့ ဒကာလေးရောအတူတူဝိုင်းလုပ်တော့ ကူဖော်ရတာပေါ့ "

" တင်ပါ့ဘုရား ကျွန်တော့်နာမည်ကရိပေါ်ပါ ဘုရား
ဒါပေမဲ့ကျွန်တော့်ကို ပေါ်ပေါ်လို့ပဲခေါ်ပါ ဘုရား "

ရိပေါ်တစ်ယောက်ရွာအဝင်လမ်းတစ်ဝက်ရောက်တော့သူတည်းခို့ဖို့်လဲအဆင်ပြေပြီး ခိုလှုံစရာလည်းကောင်းသည့်ဘုန်းကြီးကျောင်းဆီဝင်သွားလိုက်လေ၏။

ဘုန်းကြီးကျောင်းထဲရောက်တော့ကပ္ပိယဦးဘုန်းမြင့်နဲ့တွေ့တော့အဆင်ပြေသွားပြီး သူ့ကိုယ်သူကိုယ် ကြီးကြီးတက်ချမ်းသာတဲ့ CEO ဘဝကနေကပ္ပိယလေးပေါ်ပေါ်အဖြစ် ပြောင်းလဲနေထိုင်ရန်လေ့ကျင့်ပါတော့သည်။

" ကပ္ပိယကြီး ကျွန်တော်ရေချိုးချင်တယ်ဘယ်မှာချိုးလို့ရလဲ "

" ကပ္ပိယလေးရေချိုးချင်ရင်ဘုန်းကြီးကျောင်းအနောက်ကဘက်မှာရေတွင်းလေးရှိတယ် အဲ့မှာသွားချိုးလို့ရတယ်

ဒါနဲ့ ကပ္ပိယလေးအရင်ကဒီရွာရောက်ဖူးသလား
မြင်ဖူးနေသလိုလိုပဲ "

"အဲ့ဒါကကျွန်တော့်အမွှာ ဖြစ်မယ်ထင်တယ် "

" အော် အေးအေး ရေသွားချိုးတော့ "

ရိပေါ်လည်းမြို့ကနေလာ ခရီးပန်းလာသောကြောင့်လန်းသွားအောင်ရေချိုးမယ်ဆိုပြီး
ကပ္ပိယကြီးညွှန်ပြသည့်အတိုင်း ဘုန်းကြီးကျောင်းအနောက်ဘက်ကို လာခဲ့လေသည်။

ဘုန်းကြီးကျောင်းအနောက်ဘက်ကရေတွင်းကိုရှာတွေ့သွား
သော်လည်း မြို့ကြီးသားပီပီ ရေကိုဘယ်လိုခပ်ရမသိဖြစ်နေလေရဲ့။

" ဒီလောက်နက်တဲ့ တွင်းထဲကရေကိုငါဘယ်လိုခပ်ရပါ့မလဲ တွင်းထဲကိုဆင်းပြီးခပ်ရမလား မဟုတ်သေးပါဘူး "

ရိပေါ်တစ်ယောက်ထိုရေတွင်းနားမှာတင်တစ်ဝဲလည်လည်ဖြစ်နေလေတော့၏။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now