အပိုင်း(16)zawgyi+uni

3.9K 261 4
                                    

သားလေးကောင်းမှုကြောင့်ရှောင်ကျန့်တစ်ယောက်
ရိပေါ်ကို အိမ်သို့တွဲခေါ်လာခဲ့ရလေသည်။

ရိပေါ်ကိုယ်လေးကအရမ်းကိုလေးသောကြောင့် အိမ်ပြန်ရောက်ဖို့အတော်ပင် ချွေးပြန်နေလေပြီ။

ကိုယ့်ပါးပါးတစ်ယောက်လုံးမနိုင်မနင်းကြီးကို တွဲခေါ်လာရတာကို နဲနဲမှမသနားဘဲဘေးကနေ စပ်ဖြီးဖြီးလုပ်နေသော သားတော်မောင်လေး ရိအားရှန်းပါလေ။

" ရိအားရှန်း ဘယ်လိုဖြစ်နေတာလဲမျက်နှာကပိုးမသေဘူး "

" ပါးပါးကလဲ သားသားကသဘောကျလို့ကိုDaddy သာရှိရင် ပါးပါးအဲ့လိုပဲ တွဲပြန်လာရမှာ သေချာတယ် "

" ဘာ တိတ်စမ်းကလေးကလားတွေ "

ရွာထဲကလူတွေလည်း သူတို့သုံးယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့။

မသိရင်ဖြင့် မိန်းမနဲ့သားက မူးနေသော ယောက်ျားကို
သွားခေါ်လာသော ပုံစံဖြစ်နေသလိုပင်။

ရှောင်ကျန့်တစ်ယောက် အလွန်ရှက်နေမိတာကတစ်ကြောင်း
မောင့်ကြောင့် ရင်ခုန်သံတွေက မြန်လာရတာကတစ်ကြောင်း
မျက်နှာနှစ်ဖက်ကလဲစတော်ဘယ်ရီသီးပမာရဲနေလေပြီ ။။

ဒီလိုနဲ့ ရှောင်ကျန့်လည်းရိပေါ်ကို အိမ်သို့ပင်ခေါ်လာခဲ့လေ၏။
အိမ်ကိုရောက်လာတော့ အမေဖြစ်သူ မရှိနေသောကြောင့် အမူးသမားလေးမောင့်ကို အခန်းထဲသို့ ခေါ်သွား လိုက်လေသည်။

"  ပါးပါး ပေါ်ပေါ်ကဘာလို့ မနိုးသေးတာလဲ "

ရိအားရှန်းလေးတစ်ယောက် မူးမူးနဲ့အိပ်ပျော်နေသောရိပေါ်ကိုကြည့်ပြီး ဘေးနားက သူ့ပါးပါးကိုလှမ်းမေးလိုက်လေ၏။

" မူးနေတာလေ ဘယ်နိုးမလဲ ။
ရိအားရှန်း ဘာလို့ထန်းရည်ဆိုင်ကိုသွားရတာလဲ ဟမ်ပြောစမ်း။
ကလေးတွေသွားတဲ့နေရာလား။
ပြီးတော့ သူများကိုလည်းမူးအောင်တိုက်ခဲ့သေးတယ် အဲ့တော့သားမှာ
အပြစ်ရှိလား မရှိဘူးလား ပြော"

" မရှိပါဘူး "

" ဘာ "

" ဟုတ်တယ်လေ ပါးပါးတို့လူကြီးတွေပဲပြောပြီးတော့
သားတို့ရွာကထန်းရည်ကိုသောက်ပြီးရင် မပြန်ချင်တော့ဘူးဆို
အာ့ကြောင့်သားသားကလည်း ပေါ်ပေါ်မပြန်အောင် တိုက်လိုက်တာ ဟင့်။

မောင့်အရိုင်းပန်း(complete)Donde viven las historias. Descúbrelo ahora