အပိုင်း(18) zawgyi+uni

3.7K 213 6
                                    

နောက်တစ်နေ့  ရောက်တော့ရှောင်ကျန့်တစ်ယောက် ကျင်းလင်တို့ဆီရောက်သွားလေသည်။

" ဘာ ရိပေါ်က မင်းနောက်လိုက်လာတယ်ဟုတ်လား
ငကျန့် မင်းနော်မင်းလင်လိုက်လာတော့ ငါတို့ကိုမေ့ပြစ်တော့မယ်ပေါ့ "

" အေးလေ မောင်ကငါ့လင် မင်းတို့က ငါ့လင်မှ မဟုတ်တာ
မေ့ပြစ်သင့်ရင်မေ့ပြစ်ရမှာပဲ "

" ဘာ ငကျန့်မင်းနော် "

" ဘာမင်းလဲ
ဘာလို့ လာပြောနေသေးလဲ ငါကသူငယ်ချင်းတွေကိုမေ့ပြစ်မဲ့ရုပ်လား "

ကျင်းလင်နဲ့ ရှောင်ကျန့်တစ်ယောက်နဲ့တစ်ယောက်မန်းကျည်ပင်အောက်မှာထိုင်စကားများနေတာကို ပွဲကြည့်ပရိတ်သတ်လုပ်နေသူက
ကျန်းချန်ပင်။

" မင်းတို့နှစ်ယောက်ပြောလို့ပြီးပြီလား
ပြောပြီးရင် ငါပြောမယ်

ငကျန့်မင်းဘာဆက်လုပ်မှာလဲ သူ့ကိုမမေ့နိုင်မဲ့အတူတူမြို့ကိုတစ်ခါထဲပြန်လိုက်သွားတော့ "

" ဘာကွ အဲ့လိုမလိုက်ချင်ပါဘူး မောင်ကငါ့ကိုတကယ်ချစ်တယ်ဆိုဘယ်လိုယုံရမှာလဲ
ပြီးတော့ ငါကယောက်ျားလေးနော် နစ်နာစရာရှိငါပဲနစ်နာမှာပေါ့ "

" ငကျန့် မင်းပြောပုံက မင်းရဲ့မောင်ကယောက်ျားလေးမဟုတ်လို့လား
ငါလုပ်ထည့်လိုက်ရ "

" မသိဘူးကွာ ဒါပဲမောင်ငါ့ကိုယုံကြည်အောင်ပြနိုင်တဲ့နေ့ ပြန်လက်ခံမယ် အခုတော့ငါတို့ဘုန်းကြီးကျောင်းသွားရအောင် "

" ဘာသွားလုပ်ဖို့လဲ "

"မောင့်ကိုသွားချောင်းမလို "

" ဘာ... ငကျန့် စောင့်အုန်းလေငါတို့ကို "

ရှောင်ကျန့်တစ်ယောက်ရုပ်တည်ကြီးနဲ့ သူငယ်ချင်းဖြစ်သူနှစ်ယောက်ကို ပြောသွားပြီး ထထွက်သွားလေတော့၏။

လမ်းမှာတစ်လမ်းလုံးပြုံးစိစိနဲ့ ဘုန်းကြီးကျောင်းဘက်ကို
ရှောင်ကျန့်ဦးတည်လာပါတော့သည်။

" ငကျန့် မင်းတကယ်သွားချောင်းမလို့လား "

ဘုန်းကြီးကျောင်းရှေ့ရောက်တော့ ရိပေါ်ရှိမဲ့နေရာကိုရှောင်ကျန့်အဝေးကနေလိုက်ရှာနေမိသည်ကို မြင်တဲ့ကျန်းချန်ကတော့မေးလိုက်လေ၏။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now