အပိုင္း(25) uni+zawgyi

3K 169 6
                                    

  " ဝေါ့ ..အော့ "

ထမင်းစားဝိုင်းတွင် စထိုင်လိုက်တာနဲ့နှာခေါင်းထဲတိုးဝင်လာသော
ဟင်းရနံ့ကြောင့် ရှောင်ကျန့်တစ်ယောက်ဘေစင်ကို ပြေးရပါတော့သည်။

" ကျန့်ငယ် အဆင်ပြေရဲ့လား 
သားရေ မင်းပါးပါးအတွက် ရေတစ်ခွက်ယူလာပေးအုန်း "

" ဟုတ်ဒယ်ဒီ "

ဒုတိယကိုယ်ဝန်စလွယ်ကတည်းက လူကဟင်းနံ့တွေမခံနိုင်တော့ပေ။

ရိအားရှန်းလေးတုန်းက ဘာမှမခံစားလိုက်ရပေ။

" ပါးပါး နေလို့ကောင်းသွားပြီးလား "

" ကောင်းသွားပါပြီ သား သွားလေထမင်းသွားစားတော့
ပါးပါးဘာမှမဖြစ်ဘူး "

ရှောင်ကျန့်လည်း ကလေးထမင်းစားပျက်မှာဆိုးလို့ပြောလိုက်လေသည်။

ရိပေါ်ကတော့ ရှောင်ကျန့်ကိုမျက်စိအောက်ကနေအရိပ်တကြည့်ကြည့်ဖြင့်သာ စိုးရိမ်ပူပန်နေလေ၏။

" ကျန့်ငယ် မောင်တိုဆေးရုံသွားရအောင်"

" ဘာမှမဖြစ်ပါဘူးမောင်ကလဲ တစ်ချက်နားလိုက်ရင်ကောင်းသွားမှာပါ "

" ကျန့်ငယ်ကလဲကွာ အခုကျန့်ငယ်ကို ကြည့်ရတာမောင်အားမရဘူးကွာ
မောင်စိတ်ပူတယ်  "

သူ့ကိုစိုးရိမ်တဲ့မျက်ဝန်းတွေဖြင့်ကြည့်လာတဲ့မောင့်ကြောင့်
ဝေဒနာတွေတစ်ဝက်လောက်ပျောက်သွားသလိုပင် ။

" ကျန့်ငယ် အခုဘာစားချင်လဲ "

" ကျွန်တော်စားချင်တာမောင်ကျွေးမှာလား "

" ကျွေးမှာပေါ့ ဘာစားချင်လဲပြော "

" ကျွန်တော်စားချင်တာက... " 

ဒီလိုနဲ့ပဲရိပေါ်တစ်ယောက်သားဖြစ်သူနှင့်အတူ သူ့ရဲ့ကျန့်ငယ်စားချင်တဲ့  ဂဏန်းကို ဝယ်ရန်ထွက်လာခဲ့တော့သည်။

" ဒယ်ဒီ ဂဏန်းက မြို့မှာရှိလို့လား "

" ရှိတာပေါ့ သားရဲ့ မြို့မှာဆို ဈေးကြီးပေးပြီးဝယ်ရတာ
ဒါပေမဲ့ အမြဲတမ်းတော့မရဘူး

မင်းပါးပါးကအရမ်းစားချင်နေတော့ ဒယ်ဒီတို့မရရတဲ့နည်းနဲ့ ဝယ်ကြတာပေါ့ "

မောင့်အရိုင်းပန်း(complete)Where stories live. Discover now