အပိုင်း(9)zawgyi+uni
4K 294 10
လွန်ခဲ့သော3လခန့်က ......
ထန်းတစ်ပင်ရွာကလေးရဲ့ ညနေစောင်းနေဝင်ရီသယောချိန်
" ငကျန့် မင်းအဆင်မပြေရင်ငါတို့ဆီပြန်လာခဲ့နော်
ဝမ်းနည်းစရာစိတ်ညစ်စရာတွေနဲ့ကြုံလာခဲ့ရင်တောင်
ငိုမနေဘဲ ပျော်စရာတွေတွေးပြီးသီချင်းဆိုပြစ်လိုက် "
" အေးပါ မင်းတို့ကလဲ ငါ့အမေကိုတော့သေချာနားလည်အောင်ပြောပြပေးကြပါနော်
ငါကိုကို့နောက်ကို လိုက်သွားပြီးရင် ငါ့အမေကိုစောင့်ရှောက်ပေးကြနော် "
" အေးပါကွာ "
ထိုနေ့တွင်ရှောင်ကျန့်တစ်ယောက် ရိမင်နောက်ခိုးရာလိုက်ဖို့ပြင်ဆင်ထားခြင်းဖြစ်သည်။
ရှောင်ကျန့်အမေဖြစ်သူက ရိမင်နဲ့ရှောင်ကျန့်ကိုသဘောမတူသောကြောင့် အခုလိုစီစဉ်လိုက်ရလေ၏။
ရိမင်နဲ့ရှောင်ကျန့်ချစ်သူဖြစ်တာ3လသာရှိသေးသည်။
ရိမင်ရွာကိုအလည်လာရင်း ရှောင်ကျန့်ကိုမြင်မြင်ချင်း ချစ်ခင်စွဲလမ်းသွားရခြင်းသာ။
ထို့နောက်ရှောင်ကျန့်အမေသိ၍ ရိမင်နဲ့သဘောမတူသဖြင့်
ရိမင်မြို့ပြန်လျှင် တစ်ခါတည်းလိုက်သွားဖို့ ထိုကုက္ကိုလ်ပင်ကြီးအောက်တွင်ချိန်းထားကြလေ၏။
ခဏနေကြာတော့ ရိမင်ထိုနေရာလေးကိုရောက်လာခဲ့သည်။
" ကိုကို "
" ကျန့် ကိုကို့နောက်ကိုတကယ်လိုက်ခဲ့မှာလားဟင် "
" ကျွန်တော်ပြင်ဆင်ပြီးပြီး ဒီဆုံးဖြတ်ချက်ကို ပြန်မပြင်ဘူး ကိုကို "
" ချစ်လိုက်တာ ကျန့်ရယ် " 
တစ်ယောက်နဲ့တစ်ယောက်အချစ်စကားတွေဖလှယ်ရင်း
တင်းကျပ်စွာပွေ့ဖက်လိုက်ကြလေသည်။
သူငယ်ချင်း2ယောက်ဖြစ်သူကလည်း ရှောင်ကျန့်နဲ့ရိမင်ပျော်နေတာကိုကြည့်ပြီး ပျော်နေကြလေတော့သည်။
" အကိုရိမင် ကျွန်တော်တို့သူငယ်ချင်းကိုပေးလိုက်ပြီးနော်
သူ့ကိုစောင့်ရှောက်ပေးပါ "
မောင့်အရိုင်းပန်း(complete)Where stories live. Discover now