အပိုင်း(28)Final🌚zawgyi+uni

6.7K 228 8
                                    

ကျန့်ငယ်အခြေနေလည်းစိတ်ချရပြီးလို့Doctor ကပြောလာသောကြောင့် ကျွန်တော်တို့ဆေးရုံကနေဆင်းလာခဲ့လေသည် ။

ခဏခဏစိတ်ဆိုးစိတ်ကောက်ပြီးဟိုဟာစားချင်သည်ဟာစား
ချင်လို့အမြဲပူဆာနေတဲ့ ကျန့်ငယ်လေးဟာ
ဆေးရုံကအပြန်ငြိမ်လို့နေလေ၏ ။

" ကျန့်ငယ် ဘာလို့ငြိမ်နေတာလဲ "

" ဟီ ကျွန်တော်စဉ်းစားနေတာ  ဗိုက်ထဲက ကလေးလေးက
မောင်နဲ့တူမလား ကျွန်တော်နဲ့တူမလားဆိုတာလေ "

သူ့မှာစိတ်ပူလွန်ဇောဖြင့် စိုးရိမ်တကြီးကြည့်ကာ မေးလိုက်တော့ ကျန့်ငယ်လေးကဖြင့် သူ့အတွေးနဲ့သူဟုတ်နေတာပါပဲ ။

ဒီကောင်လေး တကယ့်ကိုမရင့်ကျက်သေးဘူးပဲ ။

"  ကျန့်ငယ်ကလည်းကွာဘာများလဲလို့ မောင့်မှာစိတ်ပူလိုက်ရတာ "

" ဟီဟီ စိတ်ပူရင် ကျွန်တော့်ကိုဟိုဟာတက်လုပ်လေ "

"ဟင် ဘယ်ဟာလဲ "

" ဟိုလေ ဟိုဟာမောင်ကလဲ ရှက်လာပြီး "

" ဘယ်ဟာလဲလို့ "

" ဟိုဟာပါဆို ကျွန်တော်အရမ်းလိုချင်နေလို့ "

ကျန့်ငယ်ဘာပြောလဲဆိုတာ ကျွန်တော်သိတာပေါ့။အသည်းယားပြီး စချင်လွန်းလို့သာ မသိချင်ယောင်ဆောင်နေတော့ ရှက်ရှက်ဖြင့် သူ့ကိုတောင်းဆိုလာသော ဗိုက်ပူလေး။

ဒီဗိုက်ကြီးသည် အတော်ဆိုးပါလေ။

" လိုချင်ရင် ပေးရမှာပေါ့ကွာ မောင်ကအမြဲပေးချင်နေတာ "

" ခ်ခ် အဲ့တာဆိုစကားမများနဲ့တော့လေ "

တော်တော်လေးကို လိုချင်နေပြီးဖြစ်သော ကျန့်ငယ်ရဲ့အမောက်လေးဟာသိသာထင်ရှားလို့နေသော
ကြောင့် သူလည်းအချိန်မဆွဲတော့ဘဲ လုပ်ငန်းစလိုက်လေ၏ ။

ကိုယ်ဝန်နဲ့ချင့်ချိန်လုပ်နေရတဲ့ သူအဖို့အားမရလှပါ ။
သို့ပေမဲ့လည်းဘယ်နှစ်ချီ ပြီးသွားမှန်းမသိသော သူနဲ့ကျန့်ငယ်။

ရက်တွေလတွေကုန်ဆုံးကာသွားပေမဲ့ ကိုယ်ဝန်လမရင့်ခင်အချိန်ထိ ဆက်ဆံနေကြသော သူတို့်။
........

You've reached the end of published parts.

⏰ Last updated: Apr 07, 2022 ⏰

Add this story to your Library to get notified about new parts!

မောင့်အရိုင်းပန်း(complete)Where stories live. Discover now