အပိုင်း(15)zawgyi+uni

4K 265 7
                                    


  ရိပေါ်တွေးနေမိသည်။ သူ့သားလေးသာ ဒီလိုစကားတတ်ပြီးချစ်စရာကောင်းရင် ဘယ်လိုများနေမလဲပေါ့။

" ကျန့်ငယ် ကျန့်ငယ်အခုချိန်မောင့်ကိုမေ့လောက်နေပြီးလား "

ဒီလိုနဲ့ပဲ ညနေစောင်းလေတော့ ကျန်းချန်တစ်ယောက်
ပြုံးစိစိပြုံးစိစိဖြင့်ရှောင်ကျန့်တို့အိမ်ဘက် ခြေဦးလှည့်လာခဲ့သည်။

ကွပ်ပျစ်လေးမှာ ထိုင်နေသည့်ရှောင်ကျန့်ကတော့ကျန်းချန်ကိုမြင်တော့ သက်ပျင်းအကြိမ်ကြိမ်ချမိနေလေရဲ့။

" ကဲမင်းဘာဖြစ်လာပြန်ပြီးလဲ တစ်ချိန်လုံးပြုံးစိစိပြုံးစိစိနဲ့ "

" ပြုံးစိစိဖြစ်လာတာငါ့အတွက်မဟုတ်ဘူး မင်းအတွက် "

" ဘာ ငါ့အတွက်လဲ မင်းတို့နော်မဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့  "

" အေးပါကွာ ငါတို့ကလဲမလုပ်ရဲပါဘူး
ပိုင်ရှင်ကြီးရောက်လာပြီးလေ "

" ဘယ်ကပိုင်ရှင်လဲ "

" အဟမ်း ဘုန်းကြီးကျောင်းက ကပ္ပိယအသစ်လေးကဘယ်သူလဲသိလား "

" မသိဘူး စိတ်လဲမဝင်စားဘူး "

" စိတ်မဝင်စားလို့ဘယ်ရမလဲ ရွာထဲကိုလည်းနဲနဲပါးပါးနားစွင့်အုန်း
အဲ့ဒီကပ္ပိယအသစ်လေးက တို့ရွာကိုလာလည်ဖူးတဲ့ရိမင်နဲ့ တူတယ်တဲ့

တစ်ချို့တွေကရိမင်နဲ့မှားခေါ်ကြသေးတယ်

သူကပြောတယ် သူ့နာမည်က ပေါ်ပေါ်တဲ့
ရိမင်မဟုတ်ဘူး

ဒီလိုဆို
မင်းရဲ့မောင်ကလွဲ အဲ့ဒီလူကတစ်ခြားမဖြစ်နိုင်ဘူး "

" ဟင်.. "

ကျန်းချန်ရဲ့ စကားကြောင့်ရှောင်ကျန့်ဆွံ့အသွားခဲ့လေသည်။

ဒါဆိုမောင်ကသူ့ဆီလိုက်လာခဲ့တာလား။ ဟင့်အင်းမဖြစ်နိုင်ပါဘူး။ မောင်ကဒီလိုတောရွာကိုဘာလာလုပ်မှာလဲ ငါကသူချစ်ရတဲ့သူလည်းမဟုတ်ဘဲနဲ့။

ပြီးတော့တစ်ညတာမှားခဲ့ကြတဲ့အမှားအတွက်သူတာဝန်ယူချင်နေတုန်းပဲလား။

မဟုတ်နိုင်ပါဘူး။ မောင့်လိုလူမျိုးကငါ့လိုလူအတွက်ဒီအထိလိုက်လာပြီးအပင်ပန်းခံမှာမဟုတ်ဘူး။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now