အပိုင်း(24) zawgyi+uni

3K 181 2
                                    

   ရှောင်ကျန့်တစ်ယောက် ရိပေါ်ကိုချစ်တယ်လို့ပြန်ပြောလိုက်ပြီးနောက်
လူကလုံးဝကို လုံးပါးပါးကျတော့မည့်အတိုင်းပင်။

တစ်နေ့24နာရီရှိတဲ့အချိန်တောင် 23နာရီလောက်က
ရိပေါ်ကို ချစ်တယ်လို့ ပြန်ပြန်ဖြေပေးနေရလေ၏။

" ကျန့်ငယ် မောင့်ကိုချစ်လား "

" ချစ်တယ် "

"မောင့်ကိုချစ်လားလို့ "

" ဟာချစ်ပါတယ်ဆိုဗျာ ဖြေရလွန်းလို့ အာပေါက်တော့မယ် "

" ကျန့်ငယ်က ငြိုငြင်တာလား "

" ဖြစ်ရပြန်ပြီ "

အခုဆိုရင် တစ်ရွာလုံးကလည်း ရိပေါ်နဲ့ရှောင်ကျန့်အကြောင်းကို သိကုန်ကြလေပြီ။

ကျော်ထင်ကတော့ အချုပ်ခန်းထဲကနေလွတ်လာပြီး အရင်တိုင်းပင် သောက်လိုက်စားလိုက် ပွေလိုက်ရှုပ်လိုက်ပင်။

အခုလည်း အခန်းထဲမှာ ရှောင်ကျန့်တစ်ယောက်စူပုပ်ပုပ်ကြီးထိုင်နေလေသည်။
အကြောင်းမှာ သူ့နှုတ်ခမ်းလေးကို မှန်ထဲမှာပြန်ကြည့်ရင်းစိတ်အလိုမကျ ဖြစ်နေလေ၏။

" မောင် ဘယ်လိုဖြစ်နေတာလဲ ဒီမှာ ဒီမှာ တွေ့လား  မောင်နမ်းလွန်းလို့ကျွန်တော့်နှုတ်ခမ်းလေးတောင်
လက်ယောင်လိုက်တဲ့အတိုင်း ကြီးလာသလိုပဲ "

" ဟာ အဲ့တာကလက်ယောင်လိုက်တာလို့ဘယ်ခေါ်မလဲကျန့်ငယ်ရဲ့
မောင့်နှုတ်ခမ်းယောင်လိုက်တာ "

" ဟာ မောင်နော်ပြောလေကဲလေ ခဏနေသားလေးလာရင်
အပြောခံထိနေအုန်းမယ် "

အခုဆိုရင် ရိအားရှန်းလေးတစ်ယောက်အရင်လိုသူ့ဒယ်ဒီနဲ့သူ့ပါးပါးကို အောင်သွယ်တော်လုပ်ပေးဖို့နေနေသာသာ
သူ့ရှေ့မှာအလွန်မင်တရာချစ်ပြနေလို့ အမြင်ပါကပ်ကုန်လေပြီ။

ထို့ကြောင့်ရိပေါ်နဲ့ရှောင်ကျန့်လည်းရိအားရှန်းရှေ့တွင် အနေအထိုင်ဆင်ခြင်နေရလေသည်။
အခု ရိအားရှန်းလေးကျောင်းသွားနေလို့သာ ရိပေါ်တစ်ယောက်အခွင့်အကောင်းယူနေတုန်း အောက်ထပ်က ကိုယ်တော်မောင်က အသံပေးလာလေ၏။

" ဒယ်ဒီ ပါးပါး
ဘယ်ရောက်နေကြတာလဲ "

" ဟောသားလေးပြန်ရောက်လာပြီး အနေအထိုင်ဆင်ခြင်နော်
ကျွန်တော်အများကြီးမပြောချင်ဘူး ဟွန့် "

မောင့်အရိုင်းပန်း(complete)Where stories live. Discover now