အပိုင်း(4)

5K 395 11
                                    

" doctor ကလေးရော ထိခိုက်သွားသေးလား
ဘာမှတော့ မဖြစ်လောက်ဘူးမလား "

ဘာမှမဖြစ်ပါဘူးကို မရရအောင်ဖြစ်ယူနေတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်တစ်ယောက် ညစ်နေလေပြီး။ 

စိတ်ပူပြလိုက် ဟိန်းလိုက်ဟောက်လိုက်နဲ့ အတော်ပင်ပေါင်းသင်းရခက်ပါပေသည်။

အခုလည်း doctor ကိုချက်ချင်းအိမ်လာခိုင်းပြီး ဖင်ပိတ်ကန်ငြင်းကာမေးနေလေပြန်သည်။

" ဘာမှမဖြစ်ပါဘူးဗျာ ခင်ဗျားအမျိုးသားေ၇ာကလေးရောဘာမဖြစ်ဘူး "

" ကျွန်တော့်အမျိုးသားမဟုတ်ပါဘူး
ကျွန်တော့်အကိုအမျိုးသားနဲ့ကလေးဗျ့   စကားကြည့်ပြောပါ doctor ကျွန်တော်က လူပျို "

ရိပေါ်ပြောလိုက်တဲ့စကားကြောင့် ရှောင်ကျန့်ဝမ်းနည်းမိပြန်လေသည်။ အခုချိန်ဆို သူချစ်ရသူနဲ့အတူတူရှိနေမဲ့အချိန်မျိုးမဟုတ်လား ။

" ဟုတ်ပါပြီဗျာ ဒါဆို ခွင့်ပြုပါအုန်း "

doctor လည်းရိပေါ်ကိုကြည့်ပြီး ပြုံးကာ ရှောင်ကျန့်ကိုလည်း  ဂရုစိုက်ဖို့မှာပြီး ပြန်သွားလေ၏ ။

doctor ပြန်သွားတော့မှ ရိပေါ်လည်းသက်ပျင်း ကြီးချလိုက်လေသည်။

" ဘာလို့ သက်ပျင်းချတာလဲ "

ဒါကိုမြင်နေရတဲ့ရှောင်ကျန့်က အလိုမကျသောပုံဖြင့်ရိပေါ်ကိုမေးလိုက်လေ၏။

" သက်ပျင်းချတာ အကြောင်းပြချက်လိုလား
ကျန့်ငယ်
မင်းတကူးတကမေးခွန်းထုတ်ပြီး  စာမေးပွဲခန်းထဲကလို အဖြေလွှာ ပြန်ရမယ်ထင်နေတာလား "

" မထင်လဲ မေးတယ်ဗျာ မောင်မဖြေချင်လဲ သွားတော့ ကျွန်တော်တစ်ယောက်တည်းအေးဆေးနေချင်တယ် " 

ရှောင်ကျန့် တစ်ယောက်စိတ်အလိုမကျတိုင်းရိပေါ်ကို သူနှင်ထုတ်နေမိသည်။

ဝမ်းနည်းတာပဲဖြစ်ဖြစ်  စိတ်အလိုမကျတာပဲဖြစ်ဖြစ်ပေါ့ တစ်ယောက်ထဲနေတတ်တဲ့သူ့ရဲ့ အကျင့်လို့ဆိုရမလား။

အခုလည်း ရိပေါ်စကားကြောင့် သူ့ချစ်သူကိုသတိရသွားလို့ ဝမ်းနည်းသွားတာလား ။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now