အပိုင်း(17)zawgyi+uni

3.9K 251 2
                                    

"ပါးပါးရေ ပေါ်ပေါ် နိုးပြီးလား "

ရိပေါ်နဲ့ရှောင်ကျန့်တစ်ယောက်နဲ့တစ်ယောက်အကြည့်တွေဆုံနေခိုက် ရိအားရှန်းလေးအဝေးကနေအသံပေးပြီး အခန်းထဲကိုခုန်ဆွခုန်ဆွနဲ့ရောက်လာခဲ့လေသည်။

ရိပေါ်လည်း သားလေးအပေါ်ဂရုဏာအကြည့်တွေဖြင့်ပြုံးကာကြည့်နေမိလေ၏။

ကျန့်ငယ်ကို ပါးပါးခေါ်တော့ ဒီကလေးဟာသူ့သားလေးပေါ့။

" ကျန့်ငယ် ရိအားရှန်းလေးက ကိုယ်တို့သားလေးလားဟင် "

" မဟုတ်ဘူး မောင့်သားတရားဝင်မဖြစ်သေးဘူး အခုထက်ထိကျွန်တော့်သားတစ်ယောက်ထဲပဲ "

" ပါးပါး နဲ့ပေါ်ပေါ် ဘာတွေပြောနေကြတာလဲ
ပေါ်ပေါ် လာလေသားတို့သွားရအောင် "

" သား လူကြီးကိုဘယ်လိုခေါ်နေတာလဲ အဲ့လိုမခေါ်ရဘူးလေ
သွားသွား ပါးပါးတို့ပြောစရာရှိတယ် "

" ဟွန့် ပါးပါးက သားပေါ်ပေါ်ကို လုယူလိုက်ပြန်ပြီး "

သူ့ကိုမောင်းထုတ်လိုက်သော သူ့ပါးပါးကြောင့် ရိအားရှန်းလေးတစ်ယောက် မျက်နှာကြီးဆူပုပ်ကာ ထွက်သွားလေရဲ့။

ရိပေါ်ကတော့ ရှောင်ကျန့်နဲ့သူသားလေးကိုကြည့်ပြီး ကြည်နူးနေတော့လေသည်။

" ကျန့်ငယ်ရယ် ကလေးကိုမပြောပါနဲ့ မောင်ကအဲ့လိုခေါ်ခိုင်းထားတာပါ "

" မသိဘူးဗျာ ကျွန်တော့်သားလေးကို ဖျက်လိုဖျက်စီးလုပ်ဖို့မကြံနဲ့
ဒါပဲအပြီးပြောထားမယ် ကျွန်တော်မောင့်ကိုပြန်လက်မခံမချင်း
မောင်ဟာ သားရဲ့ Daddy မှန်းအသိမပေးရဘူး "

" Why? "

" Because of   you "

" ဟမ် ကျန့်ငယ် ဟိတ် မောင့်ကိုစောင့်အုန်းလေ " 

ပြောပြီးပြီးချင်း သူ့ရှေ့ကနေ လှစ်ကနဲထွက်သွားသော ကျန့်ငယ်နောက်ကို အမြန်လိုက်ရပါတော့၏။
လူကသေးသလောက်ခြေလှမ်းတွေက နှေးတာမို့ အသာလေးလိုက်မိပါသည်။

" ကျန့်ငယ်  မောင်မိရင်တော့မလွယ်ဘူးနော် "

ရှောင်ကျန့်လည်းသူ့ကိုရိပေါ်မမိနိုင်ဘူးထင်ပြီး လျှာတောင်ထုတ်ပြသွားလေရဲ့။

မောင့်အရိုင်းပန်း(complete)Место, где живут истории. Откройте их для себя