Lost Empress- 3

309 39 4
                                    

"ရှင်းစမ်း!!..”

"😣 ကျွန်.. ကျွန်တော်မျိုး ပြောလို့ မရလို့ပါ အရှင့်သားလေးရယ်..”

"ကိုယ်တော် ၊ ဝမ်နာ နဲ့ ဆောင်းရန် ကိုယ်တော်တို့ သုံးယောက်ဘဲရှိတဲ့အချိန်.. ဒီချိန်မှမပြောရင် ဆောင်းရန်က ဘယ်အချိန်မှာ ပြောချင်တာလဲ!??..”

"ဒီ..ဒီကိစ္စကို ပြောလို့မရတာက အရှင့်ရဲ့ အသက်အရွယ်ကြောင့်ပါ အရှင့်သား..”(ငိုမဲ့မဲ့ဖြင့်)

"ကိုယ်တော်ရဲ့ အသက်အရွယ်ကြောင့်??..”

"ဟုတ်.. ဟုတ်ကြောင်းပါ အရှင့်သား.. နောက်သုံးနှစ်ကြာလို့ အရှင့်သား အသက်၁၈နှစ်ပြည့်တဲ့အခါ.. အဲ့ဒီအချိန် ရောက်တဲ့အခါမှ.. ဒီဆောင်းရန် သိသမျှကို အကုန်မထိမ်မဝှက်ဘဲ ပြောပြပါ့မယ်..”
*အရှင့်သား ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အတင်းပြောမိအောင် မလုပ်ပါနဲ့နော်.. အရှင့်သားရဲ့ ကျင့်စဥ်ပျက်ပြယ်သွားမှာ စိုးလို့ပါ အရှင့်သားလေးရယ်....*

"ကောင်းပြီ.. ကိုယ်တော် ဆန်းဆောင်ကို အခက်မတွေ့စေချင်ဘူး.. ကိုယ်တော်စောင့်မယ်..”
*ဒီကိုယ်တော်ရဲ့အဖြစ်က မြတ်နိုးရသူ(ချစ်ရသူ)ရဲ့ အဖြေကို သုံးနှစ်သုံးမိုး စောင့်ဆိုင်းရခြင်း မဟုတ်ဘဲ.. ကိုယ့်ပဟေဠိနဲ့ကိုယ် သုံးနှစ်သုံးမိုး စောင့်နေရတဲ့ အဖြစ်ပါလား??..*

          မင်းသမီးလေးမှာလည်း ထိုသို့တွေးပြီးမှ ရေကန်မှထကာ ဝတ်ရုံကို ခြုံလိုက်တော့သည်..
          သို့သော်.. မင်းသမီးလေး၏ အနားတွင် အစေအပါး တစ်ယောက်တလေမျှမရှိ..
          အထိန်းတော်ကြီးနှင့် မမြင်ရသည့်အရပ်တွင်ရှိနေသော ဝမ်နာ သာ ရှိသည်..

"ဆန်းဆောင်..”

"ရှိကြောင်းပါ အရှင့်သား..”

"ဒီ.. အယ်??.. ကိုယ်တော် တို့ သိမ်းပိုက်တဲ့ ပြည်က ဘာပြည်??..”

"ချုံချန်ပြည်လို့ ခေါ်ကြောင်းပါ အရှင့်သား..”

"ချုံချန်?.. ဟာ့.. နာမည်က မမိုက်လိုက်တာ..”

"အရှင့်သား နာမည်များ အသစ်ပေးလိုပါက.. ပေးနိုင်ကြောင်းပါ.. ဒီပြည်ကို အရှင့်သား အပိုင်ရပြီဖြစ်သောကြောင့် အရှင့်သားပေးချင်သိလို ပေးနိုင်ကြောင်းပါ...”

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now