Lost Empress- 7

260 43 2
                                    

          ဤနေ့နှင့် ဆိုလျှင် ပိုင်မင်းသမီးလေး ဝမ်တိုင်းပြည်ရောက်နေခဲ့သည်မှာ ၃ရက်ရှိပြီဖြစ်သည်..
          မင်းသမီးလေးသည် အမှန်ကို ဝန်ခံရလျှင် ဝမ်တိုင်းပြည်ကို မိမိတိုင်းပြည်ထက် များစွာ နှစ်သက်ပါသည်..
          တိုင်းပြည်တင်မက နန်းတော်ကြီးကပါ အလွန်ပင် ကျယ်ဝန်းသည်..
          မက်မွန်ဥယာဉ်..၊ ကြာရေကန်..၊ ချယ်ရီဥယာဥ်..၊ ကျောက်စိမ်းရေကန်..၊ လသာဆောင်..၊ ထို့နောက် မြက်ခင်းစိမ်းစိမ်းများနှင့် လေ့ကျင့်ရေးကွင်းကြီး..
          သူမအားလုံးကို ကြိုက်သည်..။ သူမ၏ တိုင်းပြည်ကိုလည်း နှစ်သက်ပါသည်.. သို့သော်.. ဝမ်တိုင်းပြည်မှာ..
          ဂုဏ်သတင်းအတိုင်းပင် ကြီးမားကာ သြဇာခညောင်းလှသည်ကို မငြင်းနိုင်ပေ..။
          အထူးသဖြင့် နန်းတော်၏ စာကြည့်ဆောင်ကို သူမအလွန်သဘောကျသည်.. အကြောင်းမှာ ပိုင်တိုင်းပြည်ထက် ပိုမို၍ စာပေများ စုံလင်သောကြောင့်ပင်..။
          ဟင်း🤔.. ယခုလည်း ပိုင်မင်းသမီးလေး စာကြည့်ဆောင်သို့ ရောက်နေလေသည်..

အရောင်စုံနေ့ရက်။

အပြာရောင်က ဝမ်းနည်းခြင်းကို
ပုံဆောင်ပေမယ့်..
ဒီပုံ ပန်းချီ နောက်ခံကတော့
ကောင်းကင်ပြာမို့ ရိုးသားတယ်။
လက်နှစ်စုံဟာ သစ္စာရှိစွာ
ဆုပ်ကိုင်ထားလည်း
မြက်ခင်းစိမ်းဟာ စိမ်းလန်းနေတောင်
ပြောင်းသွားနိုင်တယ်။(အနက်ရောင်)
ဝတ်လုံဖြူနဲ့ လေးကိုဆွဲတဲ့ လူသားကိုလည်း
မင်းသားလေးလို့ မှားခေါ်မိမှာ
စိုးရတယ်။
ကောင်းကင်ပြာက ရိုးသားတယ်ဆို
ဒီလက်နှစ်စုံ ခွဲခွာခြင်းနဲ့ ကင်းရပါစေ။
ပြောပါရစေ ဝတ်ရုံဖြူနဲ့ လူသားလေးဟာ
အနာဂတ်က မင်းဧကရီ။
(မှတ်မိကြရဲ့လာ Ep-1ထဲက စာလေ)

"ဟာ့.. ဘာအဓိပ္ပါယ်လဲ??..”

"ကိုယ်တော်..ရှင်းပြရမလာ?..”

          နောက်မှ ဝင်လာကာ ပြောလာသည့် လျို့ဟန်ကြောင့် မေလင်းလန့်ကာ စာလိပ်ကို မျက်နှာအနီးကပ်လိုက်မိသည်..

*ဒါက မင်းလန့်ရင် လုပ်တဲ့ပုံစံလာ??.. ဒါမှမဟုတ် ငါ့ကိုကြောက်နေတာလာ??..*

"မ..မလိုပါဘူး.. မေလင်း နားလည်ပါတယ်..”

"ကောင်းပြီလေ.. ဒါဆို ကိုယ်တော် ပိုင်သာ့ဝမ်အကြောင်း မပြောတော့ဘူးနော်..”

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Wo Geschichten leben. Entdecke jetzt