Lost Empress 20

109 13 2
                                    

မေလင်း ကြောက်လန့်စွာ ပြေးနေသည်မှာ ခြေထောက်များပင် တိုလာသည်ဟု ထင်မိသည်ထိ။
ကြောက်လန့်စိတ်မှာ အရင်ကလောက် မများဟု ခံစားမိသည်မှာ အဘယ်ကြောင့်နည်း။
ယခင်က တောရိုင်းတစ်ခု ဖြစ်နေခဲ့ပြီး ယထုမူ ဘေးမဲ့တော့ ဖြစ်သည် ဟူသည့် အသိကြောင့်ပေလား?
ဘေး‌မဲ့တောဖြစ်သည့် အပြင် ပြိုင်ပွဲဝင် တစ်ဦးဦးနှင့် ကြုံတွေ့နိုင်သည် ဟူသည့် မျှော်လင့်ချက်ကြောင့်ပေလား?
သို့မဟုတ် အရှင်ပေးသွားခဲ့သော ကတိစကားကြောင့် ပေလား?
သို့မဟုတ် လက်ချည်းမဟုတ် လက်နက်ပါသောကြောင့်ပေလား?

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို ထိုအချက်များ အားလုံး ပြည့်စုံသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

_____

လျို့ဟန် တောထဲဝင်ဝင်ချင်း ‌ပြိုင်ပွဲဖြစ်သည်ကိုပင် မေ့လျော့ကာ မေလင်းအား ဦးစွာ ရှာဖွေမိ၏။
ငယ်ငယ်က သင်ကြားခဲ့ဘူးသည့် သိုင်းပညာများကို ကျေးဇူးတင်ရပေမည်။ ယခု ထိုပညာများကြောင့်သာ ခပ်မြန်မြန် တောထဲသို့ ခုန်ကူးသွားလာနိုင်သည် မဟုတ်ပါလား?

လျို့ဟန် သိုင်းစာအုပ် ၂အုပ် တတ်မြောက်ထားသည်မှာ မှန်၏။
တစ်အုပ်မှာ လက်နက်အစုံ ကျင့်သုံးရသော သိုင်းပညာဖြစ်ကာ ကျန်တစ်အုပ်မှာမူ လက်နက်ဗလာဖြင့် တိုက်ခိုက်ရသော လက်သီး ၊ လက်ဝါး စသည့် သိုင်းမျိုးဖြစ်၏။
ထိုသိုင်းပညာတွင် လက်သီး ၊ လက်ဝါး ၊ ခြေသိုင်းများအပြင် တရိစ္ဆာန်များအား အတုယူယူထားသော သိုင်းများဖြစ်သည့်..
ကျားသိုင်း ၊ မျောက်သိုင်း ၊ မြွေသိုင်း အစရှိသည်များလည်း ပါဝင်၏။

_________

လျို့ဟန် သစ်ကိုင်းများအကြား ခုန်ကူးသွားလာစဉ်တွင် လူနှစ်ဦးသည် ပြောင် ကြီးတစ်ကောင်၏ လိုက်နေခြင်း ခံရသည်ကို အပေါ်စီးမှ လှမ်းတွေ့လိုက်သည်။
ဤဘေးမဲ့တောကြီးသည် နှစ်ပေါင်းများစွာ အသုံးမပြုထားခြင်းကြောင့် သားရဲအချို့နှင့် တောရိုင်းကောင်များပင် ကျက်စားနေပြီဖြစ်သည်။
ရုတ်တရက် အာရုံထဲဝင်ရောက်လာသည်က ‌သူ၏ ရင်နှစ်သည်းချာ အသည်းအသက်ကလေး မေလင်းကိုပင်..။
သူမ ဒုက္ခရောက်နေရော့လား? ဘေး‌ရောကင်းနေရဲ့လား? စိုးရိမ်စိတ်မှာ ငယ်ထိပ်အား ဆောင့်တက်လာ၏။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now