Lost Empress 16

157 19 0
                                    

          ခန်းညားလှပါသော ထိုလင်အား မျက်နှာမမြင်ဘဲလျက် အဘယ်သို့ အကဲခတ်ဘိကြသနည်း?.. ထိုလုလင်၏ အမည်အားမသိရ ၊ မျက်နှာလည်းမမြင်ရ။
        
         ခန့်ညားသော ကိုယ်နှင့် မြင့်မားသော အရပ်သာ မြင်သာသည်ဖြစ်ရာ ထိုလုလင်မှာ.....
        
         မျက်နှာတစ်ဝက်အား ဖုံးအုပ်ပေးသည့် မျက်နှာဖုံးနှင့် ဟွင်းဟော်မြို့မှ သူရဲကောင်းဟု ကျော်ကြားသော 'ဟွင်းဟော်သူရဲကောင်း' ပင် ဖြစ်နေပါသည်။

...
        
         အနှီလူသားသည် စင်မြင့်ထိပ်မှ ခုန်ဆင်းလာကာ စင်မြင့်၏ ရှေ့တည့်တည့်တွင် ရပ်နေပါ၏။
         ယခုတိုင် တစ်ခွန်းမှ မဟသေးသော ဝမ်အရှင်မအား မေလင်းလှမ်းကြည့်မိပါသည်။
        
         ဝမ်နိုင်ငံ၏ အရှင်မသည် ပုဏ္ဏားကြီး၏ ရှေ့တွင် ဒူးထောက်နေရာမှ မလှုပ်မယှက် ငြိမ်သက်စွာ ရှိနေပါသေးသည်။
         လျို့ဟန်သည် သူမ၏ မျက်လုံးများကို စုံမှိတ်ထားကာ ခေါင်းငုံ့ထားလျက်ရှိနေသည်။
        
         ဆောင်းရန်မှာတော့ ထိတ်လန့်တုန်လှုပ်ဟန်ရှိသော်လည်း ဘုရင်တစ်ပါးအားကျော်၍ ပြောလိုခြင်းမရှိဟန်တူ၏။
         အခြေအနေကိုသာ အကဲခတ်၍ စောင့်ကြည့်နေဟန်တူသည်။
        
         မေလင်း ဟွင်းဟော်သူရဲကောင်း၏ အပြုအမူများကို အံ့အားသင့်မိပါသည်။ ဟွင်းဟော်သူရဲကောင်းနှင့် သူမ တွေ့ဆုံသည့်အချိန်မှာ နည်းပါးသော်ငြား..
         ဤသူသည် သူမ,သိသော သူရဲကောင်းနှင့် မတူပါချေ။ အကြောင်းကိစ္စတစ်ခုခုရှိ၍လား?.. သို့မဟုတ် ဝမ်အရှင်မသည် မသမာနည်းလမ်းများ ကျင့်သုံးနေ၍လား?
        
         'တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဖြစ်သည်' ဆိုသည့်စကားအရဆိုလျှင် ဝမ်အရှင်မ တိတ်ဆိတ်နေခြင်းသည် ထိုဆိုရိုးစကားအရပေလား?..
         မေလင်း၏ အတွေးစတို့သည် သူရဲကောင်း၏ စကားများကြောင့် ရပ်တန့်သွားရပြန်သည်။

"ဝမ်အရှင်မခင်ဗျာ.. အခုအရှင်မရဲ့လုပ်ရပ်က 'အမည်မသိ ဘိသိတ်ပွဲ' လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ ဒါက 'ဆီလောင်းဘိသိတ်ပွဲ' မဟုတ်လား?.."

         သူရဲကောင်း၏ အသံသည် လေးပင်းခြင်းမရှိဘဲ လွတ်လပ်စွာ ပြောနေခြင်းဖြစ်သဖြင့် သူရဲကောင်းဘက်တွင် ‌တိကျသေချာကြောင်း ထင်ရှားလေသည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now