Lost Empress 11

242 48 1
                                    

"ဝါး.."
          မေလင်း သမ်းဝေရင်း နိုးလာခြင်းဖြစ်သည်။ သူမ ယမန်‌နေ့ညက ကောင်းစွာ အိပ်ပျော်ခဲ့သည်လေ..

*ခမည်းတော်နဲ့ အကိုတော့်ဆီ သွားရအုံးမယ်..*

          သူမ ထိုသို့တွေးသော်လည်း သူမမျက်လုံးတွင် လူသုံးဦးကို မြင်ယောင်သည်မှာ အဘယ်ကြောင့်ပါနည်း??
         
          မေလင်း အမြန်ပင်ထကာ ရေချိုး၍ သူမ၏ ခမည်းတော်တို့နှင့်အတူ မနက်စာစားရန် ထွက်လာခဲ့တော့သည်။
          သူမတွင် အစေအပါးသိပ်မရှိချေ။ ရှောင်အယ်သာ သူမနောက်တွင် တချိန်လုံး လိုက်နေသူဖြစ်ပြီး..
          သူမ ရေချိုးသည်နှင့် အင်္ကျီဝတ်ရသည့်အခါများ ၊ သူမ အိပ်စက်သည့်အခါမျိုး၌သာ အစေအပါးများ ရောက်လာတတ်ကြသည်။
          ယခုလည်း သူမနှင့်အတူ ရှောင်အယ်သာ ပါသည်ဖြစ်၍ မေလင်း ပိုင်နန်းတော်ထက်ပင် ပို၍ လွတ်လပ်သည်ဟု ခံစားရလေသည်။
          သူမ မမြင်နိုင်သော သစ်ပင်များ ၊ ခြုံများတွင် ပုန်းနေကြသူ တစ်နည်းပြောရလျှင် သူမလုံခြုံရေးအတွက် ဝမ်အရှင်မခန့်ထားသော လူများရှိသည်ကို မေလင်းမသိပါချေ။
         
*မင်းသမီးလေး မနက်ကတည်းက ပြုံးဖြီးနေတာပဲ ဘာဖြစ်လို့ပါလိမ့်..*

"မင်းသမီး.. ဘာတွေများ ပျော်စရာ ရှိလို့ပါလဲ.."

          ရှောင်အယ်၏ အမေးကြောင့်သာ မေလင်း သူမကိုယ်သူမ တချိန်လုံး ပြုံးနေမိမှန်း သတိထားမိလေသည်။

"ငါ့.. ငါ့ခမည်းတော်နဲ့ အကိုတော် ရောက်လာမှတော့ မပျော်စရာလား ရှောင်အယ်ရာ.."

          မိမိဆင်ခြေလေးမှာ အသုံးဝင်မဝင် သိချင်၍ မချိုမချင် မျက်နှာပေးလေးဖြင့် ရှောင်အယ့်ကို တစ်ချက်စောင်းကြည့်တော့..
          မျက်ခုံးကို တွန့်ချိုးကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် စဥ်းစားကာ ထောက်ခံနေဟန် ပေါ်သည့် ရှောင်အယ်လေးကြောင့် စိတ်သက်သာသွားရကာ မေလင်း သက်ပြင်းကို ခိုးချမိလေတော့သည်။

............
         
          မေလင်း ဆက်သွားနေတုန်း လေသာဆောင် တစ်ခုတွင် သူမ၏ ခမည်းတော်နှင့် အကိုတော် အတူထိုင်နေကြသည်ကို မြင်ကာ ထိုလေသာဆောင်သို့ ခြေဦးပြန်လှည့်လိုက်သည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now