Lost Empress 18

123 13 0
                                    

စပ်ချိုမာသီးများ အေးဆေးထိုင်စားပြနေသော လျို့ဟန်အား မြင်ပြင်းကပ်စွာ မေလင်းမျက်စောင်းတစ်ချက် ပစ်ကြွေးလိုက်သည်။
လျို့ဟန်မှာမူ သိပုံမပေါ် 'ဘိုးတော်ဝေ' အား ဒိုင်ခန့်ရမည်လားဟု ငြီးတွားနေပါသည်။

"ဟိုဘိုးတော်ကို ဘာလုပ်ဒိုင်ခန့်ကြပါလိမ့်။ ပွဲမပြီးခင် အသက်ထွက်နေမှ"

ထိုစကားကြောင့် မေလင်းမျက်နှာပူစွာ 'ဝေ' ဘိုးတော်အား လှမ်းကြည့်မိပါသည်။ မေလင်းကြည့်လိုက်သည်နှင့် 'ဝေ'အဘိုး မေလင်းဘက်လှည့်လိုက်သည်နှင့် ညားသွားသောအခါ..
မေလင်း လျို့ဟန်၏အပြောကိုများ အဘိုးကြားသွားလေသလားဟု စိုးရိမ်မိသွားကာ အကြည့်အမြန်ပင် လွှဲလိုက်မိသည်။
သို့သော် ခဏအကြာ အဘိုးအားပြန်ကြည့်သောအခါ အဘိုးသည် မိမိအားကြည့်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
မေလင်း မျက်နှာပူစွာ အကြည့်ပြန်လွှဲလိုက်၏။ မေလင်း၏လက်ချောင်းလေးများသည် စိုးရိမ်စိတ်ကြောင့် အလိုလို ဂါဝန်အနားစအား ချေမိနေပါသည်။

လျို့ဟန်အသီးစားနေရာမှ အောက်သို့လှမ်းကြည့်လိုက်သည်။ ကြောင်ကလေးအား ခုမှ ရေကဆယ်သကဲ့သို့ ချစ်ရသူလေးသည် ဂါဝန်အနားစအားချေကာ တုန်ယင်ညိမ်ကုပ်နေပါသည်။
မေလင်း ကို ကျီစယ်၍ ပျော်ရွင်နေသည်များပင် ပျောက်သွားရကာ အပြုံးစစတို့မှာ လွင့်ပြယ်လျက် မေလင်းခေါင်းလှည့်ရာဘက်သို့ မျက်မှောင်ကြုံ့ကာ လှမ်းကြည့်လိုက်သည်။
ဘိုးတော်'ဝေ' သည် မေလင်းအား မမုန်မသုန်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ‌ပါသည်။ ထို့နောက် အဘိုးသည် အကြည့်လွှဲသွားပြီး မိမိနှင့်တဖန် မျက်လုံးချင်း ဆုံသွားသည်။
မိမိကိုတော့ မကြည့်ဝံ့ဟန် ချက်ချင်းအကြည့်လွှဲကာ မသိယောင်ဆောင်သွားပါသည်။ လျို့ဟန် စိတ်ထဲ အနည်းငယ် သံသယဖြစ်သွားရကာ စိတ်လည်းအနည်းငယ် တိုသွားရသည်။

ထိုအဘိုးကြီးအား တစ်ခုခုလုပ်ပစ်အုံးမည်ဟု စိတ်ထဲသာ တေးထားရင်း ပြိုင်ပွဲဝင်များအား ခေါ်နေပြီမို့ ယခုတော့ မအားသေးပါ။

"မေလင်း.."

"ဟင်?.."
လျို့ဟန် အသီးကလေးတစ်လုံးအား ထောင်ပြလိုက်၏။ ထိုအသီးလေးသည် မေလင်းအားပေးဖို့ သူအကောင်းဆုံး ရွေးကာသိမ်းထားခဲ့သည်ပင်..
မေလင်း၏ မျက်နှာမှာ ညှိုးငယ်ရာမှ ပြန်ရွှင်ပြလာပြီး လက်ကဘေးနှစ်ဘက်စုကာ ခံလာ၏။
ချလာခဲ့ပါ။ ဟူသည့် သဘောပင်.. လျို့ဟန် ထပ်စချင်သေးသည်မို့ ထိုအသီးလေးအား ကိုက်ခဲလိုက်၏။

ကြောင်ကလေးမှာ ချက်ချင်းပင် စူပုပ်သွားပါသည်။ လျို့ဟန် သဘောကျစွာ အပေါ်မှ အကိုင်းတစ်ခု လက်တစ်ဘက်ဖြင့် ကိုင်စွဲကာ ခုန်ဆင်းလာခဲ့လိုက်သည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now