Lost Empress 10

237 35 0
                                    

          ဟုန်းရန်ကို တောစပ်တွင် နှုတ်ဆက်ကာ ဝမ်အရှင်နှင့် ကြင်ယာတော်လင်းတို့ တဲတော်ဘက်သို့ ဦးတည်လာကြသည်။
          မေလင်း ဘာလုပ်ရမှန်း မသိဖြစ်နေသည်မို့ လက်ကိုနောက်ပစ်ကာ လက်ညိုးကိုပွတ်ဆွဲနေမိသည်။
          အရှင်က ထိုအချင်းအရာကို သိသည့်နှယ်

"ကြင်ယာတော်ရဲ့ တဲတော်ကိုသွားပြီး အဝတ်လှဲလာခဲ့ပါ။ ပြီးရင် ကိုယ်တော်တို့ မနက်စာ စားကြတာပေါ့။.."

          မေလင်း ဘာမှမပြောတော့ဘဲ ခေါင်းသာ ညိမ့်ပြခဲ့တော့သည်။

*ခမည်းတော် ပြန်သတိရပြီလားမသိ?.. အစ်ကိုတော်လည်း ငါ့ကို ရှာနေလောက်လာ? ငါဘယ်လိုဖြေရှင်းချက်ပေးရပါ့..*

          ကြင်ယာတော်လင်း တဲတော်သို့ အပြန်လမ်းတစ်လျောက် မည်သို့ ဆင်ခြေပေးရန် စဉ်းစားနေခဲ့ပါမူ တိကျသေသပ်သည့် ဖြေရှင်းချက်ဟူ၍ မရပေ..

"အာ..တော်ပီ မီးစင်ဘဲ ကြည့်ကတော့မယ်.."

          အ‌ခြေနေအရသာ တုန့်ပြန်ပြောဆိုတော့ရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ တဲတော်ဆီသို့သာ ခပ်သွက်သွက် သွားလိုက်တော့သည်။
          မေလင်း သူ၏ ကိုယ်ပိုင်တဲတော်ထဲ ဝင်တော့ နှင်းဆီပွင့်ချပ်တွေနဲ့ စိမ်ထားတဲ့ ရေနွေးကန်လေးက အသင့်ရှိနေပြီး
          အစေအပါးမလေးတွေက ဝတ်စုံအသစ်နှင့် ကြိုစောင့်နေကြသည်။
          မေလင်းလည်း ဘာမှမေးမနေတော့ဘဲ ရေချိုးလိုက်တော့သည်။
         
          မေလင်းရေချိုးအပြီးတွင် သူဝတ်နေကျပုံစံအတိုင်း မဟုတ်ဘဲ စိမ်းပြာရောင်ကို အဖြူရောင်လေးနဲ့ထပ်ထားတဲ့
          ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ သူမ သဘောကျစွာ ‌‌သူ့ကိုယ်ကိုလှည့်ကာ ကြည့်နေ‌မိလေရဲ့။ ထို့နောက် သူမရဲ့ ဆံနွယ်လေးတွေကိုလည်း
          အရင်လို နှစ်ခုဖြင့် ထုံးဖွဲ့ထားခြင်း မဟုတ်ဘဲ ဒီအတိုင်းချထားတာ ဆံနွယ်လေးတွေမှာတော့ အဖြူရောင် ဒေစီပန်းနှင့် အစိမ်းရောင်သစ်ရွက်လေးများပါသည့်
          ဆံထိုးလေးကို သူမထုံးနေကျနေ ရာတွင် နေရာယူစေလိုက်သည်။ ချူလုံးလေးမပါတော့ မေလင်းစိတ်ထဲ တစ်မျိုးလေးပေမယ့်
          ခုလို အပြောင်းအလဲလေးလည်း ကောင်းပါတယ် ဟုတွေးကာ ကြေးမုံတွင်ပေါ်နေသည့် သူမပုံရိပ်ကို ကြည့်ရင်း သူမ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ‌ခဲ့တော့သည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now