Lost Empress 17

186 13 0
                                    

          သူရဲကောင်း၏ တောင်းဆိုမှုကြောင့် 'ဆီလောင်းဘိသိတ်ပွဲ' မှန်လျှင် လက်ရည်ပြိုင်ပွဲများ ၊ လက်နက်ပညာ ၊ ကိုယ်ခံပညာများအား ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့်..
          သူရဲကောင်း၏ တောင်းဆိုမှုအတိုင်း ထိုပြိုင်ပွဲများအား ကျင်းပတော့မည်ဖြစ်သည်။
          အရံသင့်စွာပင် မိမိတို့ 'ဘိသိတ်ပွဲ' ကျင်းပရာနေရာသည် ယခင်မင်းကြီးများလက်ထက်က မင်းချင်းများနှင့် မင်းသားများ လက်ရည်ပြိုင်ကြရာ.. ၊ အပျော်တမ်း အမဲလိုက်ကြရာ တောကစားကွင်းကြီးဖြစ်နေပေသည်။
         
          ဝမ်အရှင်မသည် ဦးစွာ ပလ္လင်တော်မှထကာ ပြိုင်ပွဲကွင်းကြီးသို့ ဦးစွာ ကြွသွားလေသည်။
          နောက်မှ ပြည်သူပြည်သားများနှင့် ကြင်ယာတော်များ ၊ နန်းဝန်များနှင့် အမတ်များတို့သည် ‌အရှင်မ၏နောက်မှ ဖြေးညင်းစွာလိုက်လာကာ နေရာယူရပေသည်။
          ဆောင်းရန်သည် လျို့ဟန်အပါးမှ တပ်ကြပ်မကွာ ရှိနေပါသည်။ ထီးတော်မိုးသည်လည်း အပါးမှာနေ၍ လျို့ဟန်အား နေအလင်းမစူးစေရန် လိုက်မိုးပေးကာ ပါလာ၏။
         
          ကြင်ယာတော်များမှာလည်း ၎င်းတို့အစေအပါးများထံမှ အမိုးကိုရသော်လည်း နန်းဝန်နှင့် အမတ်မင်းတို့မှာ မိမိတို့ဦးထုပ်များနှင့် မျက်နှာကာရန် အချို့ ယပ်တောင်ပါသူများမှာ ယပ်တောင်များကိုသာ အားကိုးရပေတော့သည်။

.....

          အချိန်တစ်ခုခန့် ကြာမြင့်သောအခါ လူတိုင်း(လူတိုင်း)မှာ ကိုယ့်နေရာနှင့်ကိုယ် ရောက်ရှိကြပြီးဖြစ်ကာ
          တိုင်းသူပြည်သားများမှာမူ ကိုယ်နေသင့်သည့်စည်းမှ လွန်မသွားစေရန် ရဲမက်အချို့တို့သည် ရှေ့မှရပ်ကာ စောင့်ကြည့်ပေး၏။
         
          ထို့နောက် စစ်သည်ရဲမက်တစ်ဦးသည် စည်တော်ကြီးတစ်ခုအားတီးကာ ယှဉ်ပြိုင်ရမည့်လူများ ရှေ့သို့ထွက်ရန် ပြန်ကြားလိုက်သည်..

"ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့်အတူ.. ဝမ်နိုင်ငံ၏အရှင်မ.. ဝမ်လျို့ဟန်အား.. ရှေ့သို့ထွက်လာပေးပါရန်.. ပြန်ကြားလိုက်ပါတယ်!! ဒွိုင်!..!!!.."

          ထိုရဲမက်သည် လျို့ဟန်အား လေးစားကြည်ညိုသူ ဖြစ်ဟန်တူ၏။ အမှန်မှာ 'ဆီလောင်းဘိသိတ်ပွဲ'ပေမို့ လျို့ဟန်အား အရှင်မဟု သုံးနှုန်းရန်မလိုတော့ပေ..
         
          စစ်သည်ရဲမက်သည် စည်တော်ကြီးတီကာ ဖိတ်ခေါ်လိုက်လျင် လျို့ဟန်နှင့်အတူ ပြိုင်ပွဲဝင်မည့် ပြည်သူနှစ်ဦး..
          ထို့နောက် ပညာရေးဝန်မင်း၏ အကြီးဆုံး သား ၊ ဘဏ္ဌာရေးဝန်မင်း၏ အမွှာသားနှစ်ဦး ၊ အခြားနန်းဝန်များ၏ သားများနှင့် အမတ်မင်းအချို့တို့၏ သားတို့မှာ ရှေ့သို့ထွက်လာကြသည်။
         
          ပြိုင်ပွဲသည် ကြိုတင်စီစဉ်ထားခြင်းမဟုတ်သဖြင့် နာမည်စာရင်းလည်း မရှိသလို အကဲဖြတ်မည့် ဒိုင်လူကြီးလည်း မည်သူဟု မသတ်မှတ်ရသေးပေ။
          ရှေ့သို့ထွက်လာသည့်သူများကို အမတ်တစ်ဦးသည် လျှင်မြန်စွာ ချရေးလိုက်၏။ စုစုပေါင်း ၁၂ယောက်ဖြစ်ကြောင်းသိလိုက်ရသည်။
          ထိုအမတ်သည် ရိုးရိုးမဟုတ် သံအမတ်တစ်ဦးဖြစ်၏။ အမတ်များအားလုံးထက်ပင် သာ၍ အဆင့်မြင့်သူဖြစ်ကာ မင်းသားတစ်ဦးနန်းတက်ရန် သူ၏ထောက်ခံချက်လက်မှတ်လိုသည်ထိ အရေးပါသူဖြစ်၏။
          လျို့ဟန် နန်းတက်စဉ်ကလည်း ထိုအမတ်ပါဝင်ခဲ့၏။ ထိုသံအမတ် ယွမ်ထန်းသည် လျို့ဟန်၏ ခမည်းတော် ဝမ်ဟောက်ချူး လက်ထက်ကပင်..
          ဖြောင့်မတ်မှန်ကန်သူ တာဝန်များကို တိကျစွာဆောင်ရွက်တတ်သူဖြစ်သဖြင့် ယခင်မင်းကြီး ဝမ်ဟောက်ချူး၏ ယုံကြည်မှုကို အခိုင်အမာရခဲ့သူတစ်ယောက် ဖြစ်၏။
         
          သံအမတ်ယွမ်သည် ပြိုင်ပွဲဝင်အားလုံး၏ အမည်များကို စာရွက်တစ်ခုပေါ်ရေးချပြီးနောက် သူ၏လက်မှတ်အား အောက်တစ်နေရာတွင် ရေးချလိုက်၏။
          ထို့သို့ ရေးချအပြီးတွင် သူ၏ အပါး၌ ရပ်နေသူ ပညာရေးဝန်မင်းမှ လေသံတိုးတိုးဖြင့် မေးလာ၏။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now