Lost Empress 8

286 40 3
                                    

          မင်းသမီးလေးမှာ ပြင်ဆင်ထားဟူ၍သာ ပြင်ဆင်ရသည်။ တကယ်တမ်း ဘာထည့်လို့ ထည့်ရမှန်းမသိချေ။

"ဘာလဲ ငါက ဘာထည့်သွားရမှာလဲ? ဒီနန်းတော်ထဲ ငါပိုင်တဲ့ ပစ္စည်းလည်း ဘာမှမရှိဘဲနဲ့ ။ ပြီးတော့ အိမ်ပြောင်းအိမ်ရွှေ့လည်း မဟုတ်ဘူးလေ.."

"ထည့်ဆိုမှတော့ ကြိက်တာထည့်လို့ ရတာဘဲ မင်းသမီးလေးရယ်။ မနေ့ညက မုန့်တွေ ထည့်လိုက်ရမလာ?.."

"အင်း.. ဒါကလည်း အရှုံးမရှိပါဘူး.."
(ပျော်ပွဲစား ထွက်တယ်များ အောက်မေ့နေလားမသိဘူး🤣)

*ခမည်းတော် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို ငါက ဘာလို့ စိတ်မပူရတာပါလိမ့်*
(အရှင်ရှိတယ်လေ😏🤞)

"မင်းသမီးလေး ဘာလို့ စိတ်ပူတဲ့ပုံစံ မပေါ်ရတာလဲ.. အော်..သိပြီ။ ဟွင်းဟော် သူရဲကောင်းက ၀မ်နိုင်ငံကဆိုပြီး စိတ်ချနေတာလာ..😏"

"အာ.... ဟုတ်တယ်.."
*တကယ်တော့ ငါသူ့ကိုတောင် မေ့နေပြီ...။ အာ.. မေ့လိုက် ရှောင်အယ်ပြောတာ မှန်တယ် ငါ သူရဲကောင်းနဲ့လည်း ဆုံဖူးပြီ။ ပြီးတော့ သူက ဒီနိုင်ငံကဘဲဆိုပြီး.. ငါစိတ်သက်သာနေတာ.. ဟုတ်တယ် အဲ့လိုဘဲ..*

          ထိုအချိန် စစ်သည်တစ်ဦးရောက်လာကာ လှည်းအဆင်သင့် ဖြစ်ကြောင်းနှင့် မင်းသမီးလေး အဆင်သင့်ဖြစ်လျှင် သွားလို့ရပြီဖြစ်ကြောင်း လာတင်ပြသဖြင့်..
          ပိုင်‌မေလင်းလည်း လိုက်သွားလိုက်တော့သည်။
          မင်းသမီးလေးတို့ရောက်တော့ ဟိုဘက်ဒီဘက် စစ်ဆင်နွှဲတော့မည့် အနေအထားကို တွေ့ရလေသည်။

"ဒါက ဘယ်လို ဖြစ်တာလဲ!?"

          မင်းသမီးလေး လန့်ကာ လှည်းကို ရပ်စေလိုက်ပြီး စစ်တပ်၏ ရှေ့တန်းတွင် ကိုယ်တိုင်ဦးဆောင် ရပ်နေသော
          ၀မ်အရှင်မဆီသို့သာ ပြေးသွားမိသည်။ ဤမျှလောက် ဖြစ်မည်ဟု သူမလုံး၀မထင်ထားခဲ့ပေ။

*ဒါက ဘယ်လိုဖြစ်ကုန်တာလဲ??*
"အရှင်...."

"မင်းသမီးလေး မသွားနဲ့!!!.."(တပ်သားတစ်ဦး)

          ပိုင်မင်းသမီး ပြေးလာသည်ကို မြင်တော့ လျို့ဟန် မြင်းဖြင့်ပင် မေလင်းဆီသို့သွားလိုက်သည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now