Lost Empress 15

141 14 1
                                    

👑 !ဘိသိတ်ပွဲနေ့! 👑

"အရှင့်သား ဘိသိတ်ပွဲအတွက် ပြင်ဆင်ရပါမယ်.."

*ဟင်း..*

         သက်ပြင်းသာချကာ အဝတ်တော်လှဲရန် ထထွက်သွားသည့် လျို့ဟန်ကိုကြည့်ကာ ဆောင်းရန်ပင် ရင်လေးမိလာသည်။
         ဤနေ့ဖြစ်သည် ဤနေ့သည် အကောင်းနှင့်အဆိုးအတွက် အစပြုဖြစ်သည်။ ကောင်းလာမည်လား ဆိုးလာမည်လား?..
         သည်ကိုတော့ ကံကြမာကိုသာ အားကိုးရပေတော့မည်။ ကံကြမာက ကိုယ့်ကို မျက်နှာသာပေးမည်လား?..
         ..သူ့ကို မျက်နှာသာ ပေးမည်လား?..

......

"မင်းသမီးလေး! ထပါတော့ အဝတ်လှဲဖို့ အချိန်သင့်ပါပြီ ရေလည်းချိုးရအုံးမယ် ဘိသိတ်ပွဲမှာ နောက်ကျနေပါ့မယ် မင်းသမီးလေး!.."

         ရှောင်အယ် မေလင်းကို အတင်းလှုပ်နှိုးနေရသည် ယမန်ညက ညနက်သွားသည်မို့ မင်းသမီးလေးမှာ တော်တော်နှင့် မထချင်ပေ။

"အာ.. ရှောင်အယ်.. ငါ သိတယ်..လို့.."

"အလှလည်း ပြင်ရအုံးမှာ.. ၊ မင်းသမီးလေး မနေ့ညက ဘယ်လောက်ဘဲ ညီအစ်မတွေလို ခင်ခင် ဒီနေ့မှာတော့ အားလုံးက သူအလှဆုံး ကိုယ်အလှဆုံးဖြစ်အောင် ပြင်ဆင်လာကြမှာပဲ!.. မင်းသမီးလေး မရှုံးရဘူး.."

"...အင်း.. ထပြီ ထပြီ.."
*အရှင်က ငါ့ကို အချစ်ဆုံးပါ ရှောင်အယ် ငတုံးရာ..*

         မေလင်း စိတ်ထဲတွင် ကြိတ်ကာ ပြုံးမိလေတော့ အပြင်မှာပင် အပြုံးယောင်ယောင်လေး ပေါ်လာချေပြီ ဖြစ်သည်။
        
         ရှောင်အယ်မှာတော့ အစေအပါးမလေးများကို ခေါ်ကာ မေလင်းအတွက် ပြင်ဆင်ခိုင်းရ ရေချိုးပေးခိုင်းရ ၊
         မိမိကိုယ်တိုင် အဝတ်အစားများ ရွေးပေးရနှင့် အလုပ်ရှုပ်နေချေတော့သည်။

.........

         ဘိသိတ်ပွဲ ကျင်းပရာနေရာသည် နန်းဆောင်ထဲတွင်မဟုတ်ဘဲ ဘုရင်မင်းမြတ်တို့ တောကစားရာ သိုင်းပညာများ ယှဉ်ပြိုင်ကြရာ ကွင်းကြီးတွင် ဖြစ်သည်မို့
         ကြင်ယာတော်တို့မှာ ဝေါယာဉ်ကိုယ်စီဖြင့် လာကြရသည်။ ဝမ်အရှင်မ၏ ဝေါယာဉ်မှာ ‌ရှေ့ဆုံးကဖြစ်ပြီး မေလင်းတို့က နောက်ဆုံးဖြစ်နေသည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now