Lost Empress- 4

276 41 4
                                    

"ပိုင်သာ့ဝမ်!!..(ပိုင်မင်းကြီး) အရှင်!.. ဝမ်!.. ဝမ်ဘုရင်မ! ကျွန်တော်မျိုးတို့ တိုင်းပြည်ကို ကြွချီလာကြောင်းပါ!!!..”

           ပိုင်နန်းတော်၏ အရှေ့နန်းဆောင် ညီလာခံ ကျင်းပရာ နန်းဆောင် အတွင်းသို့ ခြေမြန်တော်တစ်ယောက် အပြေးလာကာ တင်ပြလိုက်ခြင်းဖြစ်သည်..။
           ပိုင်မင်းကြီးလည်း အနားယူကာ ခဏတာမှေးနေစဥ် ထိတ်လန့်စွာ တင်ပြသံကို ကြားရသဖြင့် ခုံပေါ်သို့ လက်ထောက်ကာ ရပ်လိုက်ပြီး သေချာရန် ထပ်မေးလိုက်သည်..။

"ဘာ!!!..”
*ချုံချန်ပြည်ကို သိမ်းကတည်းက ကိုယ်တော်တို့တိုင်းပြည်ကိုလည်း တစ်နေ့ ရောက်လာလိမ့်မယ်ဆိုတာ သိသားဘဲ..
ဒါမဲ့.. ကောင်းသောလာခြင်းလာ? ပြည်ကိုသိမ်းဖို့လာ ဆိုတာကတော့ ကောင်းကင်ကဘဲ သိလိမ့်မယ်..*

"ခြေမြန်တော်.. သူတို့လာတာ စစ်သည်အင်အား ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းမိလဲ??..”

"အရှင်မင်းကြီး.. ကျွန်တော်မျိုးအထင် ပြောရရင် ဝမ်ဘုရင်မက ပြည်သိမ်းဖို့ လာတာမဖြစ်နိုင်ပါဘူး..”

"ဘယ်လို??.. ရှင်းရှင်းပြောစမ်း!!..”

         ခြေမြန်တော်ကို သေချာစွာ ထပ်မေးလိုက်သည်.. သို့သော် အနည်းငယ် စိတ်သက်သာရာ ရာပြီ ဖြစ်သဖြင့်..
         ပလ္လင်ပေါ်တွင် ပြန်ထိုင်ကာ အသက်ရှူထုတ်ရင်း ခြေမြန်တော်၏ အဖြေကို နားစွင့်နေလိုက်သည်..။

"ဒီလိုပါ အရှင်မင်းကြီး ဝမ်ဘုရားမဟာ လှည်းတော် ၃စီးနဲ့ မြင်းစစ်သည် ၅ယောက် ခြေလျင်တပ် ယောက် ၂၀နှင့်အတူ သူမရဲ့ အထိန်းတော်ကြီးနဲ့သာ ရောက်လာခြင်းကို ကျွန်တော်မျိုး မျက်စိနဲ့ မြင်တွေ့ခဲ့ခြင်းပါ..”

*ဟင်း.. ဒါဆို ပြည်ကိုသိမ်းဖို့ မဟုတ်ဘူးပေါ့.. ဒါမဲ့ လှည်းတော် ၃စီးနဲ့ဆိုတော့ ဘာတွေများ သယ်လာခဲ့တာလဲ?? ဝမ်ဘုရင်မ ဘာတွေကြံစည်နေတာများလဲ??..*

"ဒါဆို.. မြို့စားမင်းတစ်ယောက်ကို လမ်းပြအဖြစ် စေလွှတ်လိုက်ပါ..
ပြီးတော် အထိန်းတော်ကြီး သမီးတော်လေးကို နန်းပြင်မထွက်စေနဲ့တော့..”

"နားလည်ပါပြီ အရှင်မင်းကြီး..”

         မင်းကြီး မိန့်ပြီးသည်နှင့် ပိုင်အထိန်းတော်ကြီးနှင့် ခြေမြန်တော်တို့ကာ အရိုသသေပြုကာ မိမိလုပ်ဆောင်ရန် တာဝန်ကျရာစီသို့ အသီးသီး သွားကြတော့သည်..

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now