Lost Empress 19

108 13 1
                                    

🏹ပထမပြိုင်းပွဲခေါင်းစဉ် - လေးမုဆိုး🏹

ခေါင်းစဉ်ငယ်သုံးလီ -

ပထမတစ်လီ - လိပ်ပြာငယ်၏မျက်ရည်စက်
ဒုတိယတစ်လီ - အလင်းမျှား၏စွမ်းရည်
တတိယတစ်လီ - ငါသိသော လေး

"ပထမခေါင်းစဉ်ငယ် လိပ်ပြာငယ်၏မျက်ရည်စက်! "

           ဖုန်းစစ်သူကြီးကြေညာအပြီးတွင် ပြိုင်ပွဲဝင်များ နေရာကိုယ်စီယူကြတော့သည်။
           သို့သော် တစ်စုံတစ်ခုတော့ ပြောင်းလဲသွား၏။ ယခင်က အစွန်ဆုံးတွင် မေလင်းရပ်သည်ဖြစ်ရာ..
           အခုတွင်တော့ သူရဲကောင်းမှာ ထိုနေရာတွင် နေရာယူထား၏။ ထို့နောက် မေလင်းဖြစ်ကာ မေလင်း၏ ယာဘက်တွင်မူ လျို့ဟန်နေရာယူ၏။
           လျို့ဟန်၏ ဘေးတွင် နေရာလာယူသူမှာ ကျူယဲ့ ဖြစ်၏။ ထို့နောက် ပြိုင်ပွဲဝင်များ အလျိုလျို...

"လိပ်ပြာငယ်၏ မျက်ရည်စက်?.. ကြည့်ရတာ တစ်ခုခုကို လျိုထားသလိုဘဲနော်.."

           မေလင်းသည် ခေါင်းလေးစောင်းကာ စဉ်းစားဟန်ပြုပြီး တဖန်လျို့ဟန်ဘက်သို့ ခေါင်းလေးပြန်စောင်းလျက် မေးလာလေသည်။

"အင်း.. လှပတဲ့ ခေါင်းစဉ်တစ်ခုဖြစ်မှာပေါ့.."

           လျို့ဟန်သည် သဘောတကျပြုံးရယ်လျက် ပြောလာသောအခါ မေလင်းမှာ ခေါင်းသုံးရတော့သည်။

"အင်း?.. ဒါဆိုရင် နက်နဲတဲ့ ခေါင်းစဉ်တစ်ခုပေါ့.."

"အင်.."

"လိပ်ပြာရဲ့မျက်ရည်.. လိပ်ပြာရဲ့မျက်ရည် "

           မေလင်းသည် မိမိနဖူးကို လက်ညိုးဖြင့်တောက်ရင်း တိုးတိုးရည်ရွတ်ကာ စဉ်းစားနေပြန်သည်။
           ထို့နောက် သူမ၏ မျက်လုံးများသည် ပစ်မှတ်ကွင်းများဆီသို့ အကြည့်ရောက်သွားပြီး ကလေးငယ်တစ်ယောက် သကြားလုံးရသွားသည့် ပမာ သူမ၏မျက်လုံးများ ‌အရောင်ဝင်းလက်သွားသည်။

"လိပ်ပြာရဲ့မျက်ရည်! လိပ်ပြာရဲ့မျက်ရည်! "

           မေလင်းသည် ပစ်မှတ်တိုင်များ၏ အလယ်ဗဟိုကို လက်ညိုးထိုးကာ လျို့ဟန်အားကြည့်လျက် ခုန်စွခုန်စွနှင့် အော်ပြောနေလေသည်။
           လျို့ဟန်ကမူ ခေါင်းသာ တစ်ချက်ငြိမ့်ပြလျက် မည်သည့်ထူးခြားမှုကိုမျှမပြပေ။
           "တော်တယ်" ဟု ချီးကျူးကာ ခေါင်းများပုတ်ပေးမှာလားဟု မြှော်လင့်မိသော မေလင်းမှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသဖြင့် အရောင်ဝင်းလဲ့သော မျက်လုံးအစုံမှာ ချက်ချင်းပင် မှိန်ဖျော့သွားရရှာသည်။
          
           တစ်ဘက်တွင် ကျူယဲ့သည် မေလင်းအပြောများကို ချင့်ချိန်လျက် ပစ်မှတ်၏အလယ်ဗဟိုအား စူးစိုက်ကြည့်နေပါသည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Donde viven las historias. Descúbrelo ahora