Lost Empress 13

214 31 0
                                    

          ဝမ်လျို့ဟန်နှင့် ပိုင်မေလင်းတို့အတူ ဝမ်နန်းတော်၏ မုခ်ဝတွင် အချိန်ကြာမြင့်စွာ အတူရပ်နေခဲ့ကြသည်။
          တစ်ဦးနှင့်တစ်ဦးမှာ အချင်းချင်း အကြည့်စုံကာ ရပ်ကြသည်မဟုတ်၊ မျက်နှာချင်းမဆိုင်ပါဘဲ စကားပြောနေကြခြင်းလည်း မဟုတ်..
          တစ်ယောက် အတွေး ကိုယ်စီဖြင့် အဝေးသို့ ငေးနေကြခြင်းသာ..
         
          နေမင်းက အစွမ်းကုန် သာနေပါသော်လည်း နန်းမုခ်ဝတွင် စိုက်ပျိုးထားသော အရိပ်ပေးနေကြသည့် wisteria ပန်းပင်ကြီးများကြောင့်သာ
          နေပူခြင်းကို ဂရုမပြုဘဲ ရပ်နေနိုင်ကြခြင်း ဖြစ်လေသည်။

*ခမည်းတော်.. အခုတောင် လွမ်းလာပြီ..*

*နန်းဝန်အမတ်မင်းတွေဆီတော့ ငါ့ဆန္ဒကို ပြောခဲ့ပြီးပြီ.. နောက်တစ်ခုက အစီစဉ်အတိုင်း ဆက်လှုပ်ရှားရုံပေါ့..*

"အရှင်...."

          မေလင်း လျို့ဟန်ကို စကားပြောရန် ပြင်လိုက်စဉ် ချာခနဲ့ လှည့်ကာ နန်းတော်ထဲ ဝင်သွားသည်ကြောင့်
          ကြောင်ကာ မုခ်ဝတွင် ဆက်ရပ်နေမိသည်။

*ဘာလို့ စိတ်ဆိုးရတာလဲ??..*

          လျို့ဟန်၏ ဝန်တိုစိတ်ကို မသိလိုက်သဖြင့် မည်သည့်အရာကြောင့် အမျက်ထွက်ရဘိသနည်းဟု တွေးတောနေလေတော့သည်။
          သို့သော် ကြာကြာမငေးလိုက်ရပါ ဝမ်ဗိုက်နားလောက်တွင် ဆူးခနဲ့ နာလာသဖြင့် အတွေးစတို့ ပျောက်လွင့်ကုန်ရတော့သည်။

.........
(ညနေခင်းရောက်သော်..)

* ကိုယ်တော့်ကိုလည်း လာမကြည့်ဘူး..*

          လျို့ဟန် သလွင်တွင် ကိုယ်ကို တစ်စောင်းလဲလျောင်းကာ လက်ဖြင့် ဦးခေါင်းကို ထောက်ထားလျက် တွေးတောနေခြင်းဖြစ်သည်။
          ဘေးတွင်ရပ်နေသည့် အထိန်းတော်ကြီး ဆောင်းရန်ကမူ မျက်ရည်အရွှမ်းသားတို့ဖြင့် ဝမ်အရှင်မကို ကြည့်နေရှာသည်။
          သူ့ကြည့်ရသည်မှာ လျို့ဟန်၏ ငယ်ဘဝကို အမှတ်ပေါ်နေသည့်နှယ်..

"အရှင့်သား အကြမ်းရည် အေးနေလောက်ပြီ ရေနွေးပြန်လဲပေးရမည်လား?.."

          သလွင်ရှေ့ရှိ စားပွဲထက်တွင် တည်ခင်းထားသော အကြမ်းရည်နှင့် ပန်းကိတ်တို့မှာ မတို့မထိရသေးပါဘဲ အေးနေပြီဖြစ်သည်။

Lost Empress of ''WANG'' Empire (ဝမ်ဧကရဇ်၏ပျောက်ဆုံးနေသောဧကရီ) Where stories live. Discover now