MY ANSWER IS YOU

6.1K 291 1
                                    

MY ANSWER IS YOU ( YAOI )

CHAPTER 1

သူ့ပခုံးကိုလာထိတွေ့နေတဲ့ အထိတွေ့တစ်ခုကြောင့် Jun Myeon အိပ်နေရာကနေ လန့်နိုးသွားရသည် …… ည

ကြီးအချိန်မတော် သူ့ကိုလာနှိုးနိုင်တာဆိုလို့ သူတစ်ယောက်ပဲရှိတာကြောင့် Jun Myeon မျက်လွှာတွေ ပွင့်လာ

ခဲ့သည် ….. သူဆိုတာ …….

Wu Yi Fan >>> သိုင်းလောကမှာ နာမည်ကြီးဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင် ….. နာမည်ကြားတာနဲ့တင်ကို မသိ

သူမရှိလောက်အောင် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေသူ …..စီးပွားရေးဘက်မှာလည်း အကွက်

မြင်တတ်လွန်းတာကြောင့် စည်းစိမ်ချမ်းသာတွေဆိုတာ လက်ညိုးထိုးမလွဲ ……

ညအချိန်မတော်ကြီး ဘာလာလုပ်တာလဲလို့ကြည့်လိုက်တော့ ဝတ်ထားတဲ့ဝတ်ရုံဖြူပေါ်မှာ သွေးတွေစိမ့်ထွက်

နေတာကြောင့် ချင်းချင်းနီနေသည် ….. မျက်နှာကတော့ သွေးရောင်မရှိအောင်ပင် ဖျော့တော့နေချေပြီ …... သူ့

မှာ အိပ်ချင်မူးတူးဖြစ်နေတာတောင် ဘယ်ပျောက်သွားမှန်းမသိပဲ ဆံပင်တွေကို ကမန်းကတန်းစုစည်းလိုက်ရင်း

အနာကို ဆေးကြောကာ ဆေးထည့်ပေးဖို့ စိုင်းပြင်းလိုက်ရသည် ….. ဆေးထည့်ပေးတော့ နာကျင်မှုကို ဂရုမ

ထားတာလား ….. ဒါမှမဟုတ် အံကြိတ်ခံနေတာလားတော့မသိ …… ညည်းသံတစ်စက်လေးတောင် ထွက်မ

လာခဲ့ …… ဆေးထည့်ပေးပြီး အခန်းထဲက ထွက်သွားဖို့ပြင်လိုက်တော့ သူ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ရင်း

ပြောလိုက်တဲ့စကားသံတစ်ချို့ကြောင့် သူ့ခြေလှမ်တွေ ရပ်တန့်သွားခဲ့ရသည် ……

“ ကျေးဇူးတင်ပါတယ် …… မင်း ကိုယ့်ကို မမုန်းတော့ဘူးမလားဟင် …… တကယ်ဆို မင်း ဒီတိုင်းထားခဲ့ပြီး

ထွက်သွားလို့ရနေတာပဲ ….. မင်းအမုန်းတွေပြေမဲ့နေ့ ရောက်လာခဲ့ပြီလားဟင် ….. ”

သူ့စကားကြောင့် မဲ့ပြုံးတစ်ခု Jun Myeon မျက်နှာထက်မှာ တွဲခိုသွားသည် …… ခင်ဗျားကြီး တော်တော်စိတ်ကူး

MY ANSWER IS YOUUnde poveștirile trăiesc. Descoperă acum