My Answer Is You (S2, Part 4 )

1.5K 110 5
                                    

" ဟင်းးးးး .. အစည်းအဝေးကလည်း မပြီးနိုင်သေးဘူးလား
မသိဘူး ? ပျင်းလို့သေတော့မယ် .. ကိုယ့်ကတိနဲ့ကိုယ်ဆို
တော့လည်း ခံပေဦးပေါ့ Jun Myeon ရာ .. အဲ့ဒီအစား သူ
အစည်းအဝေးပြီးသွားမှ ကောင်းကောင်းနှိပ်စက်ရမယ် ..
သေဖို့သာပြင်ထား .. ငွားး ငွားး "

Jun Myeon တစ်ယောက် သူ့အတွေးနဲ့သူ သဘောတကျ
ရယ်နေတုန်း အခန်းတံခါးဖွင့်သံကြားတာကြောင့် ခေါင်းလေး
ထောင်ကြည့်လိုက်မိတော့ သူရဲ့ နှစ်ယောက်မရှိတဲ့ချစ်
ယောက်ျား Wu Yi Fan ကြီး .. အဲ့တော့မှ အိပ်ရာပေါ်က
လူးလဲထရင်း " ယောက်ျား " ဆိုပြီး Wu Yi Fan ကြီးကို
ပြေးဖက်ပစ်လိုက်တယ် .. Yi Fan ကတော့ မျက်ခုံးလှုပ်နေ
ပါပြီ .. ဒီလိုမျိုးတစ်ခါမှမချွဲဖူးတဲ့အတွက် Jun လေးမှာ တစ်ခုခုတောင်းဆိုစရာရှိတယ်ဆိုတာကို သူ ရိပ်မိပါတယ် .. အဲ့ဒီ
ကိစ္စကလည်း သူခေါင်းခြောက်ရမဲ့ကိစ္စပဲဖြစ်ပါလိမ့်မယ် ..

" Aigooooo !! Jun လေး ပျင်းနေတာလား ? ဘာလုပ်ချင်
လဲ ? ပြော !! ကိုယ် လိုက်လျောပေးမယ် .. "

အဲ့တော့ ယုန်ပေါက်က မချိုမချဉ်မျက်နှာပေးနဲ့ သူ့ကို ရယ်ပြ
နေလေတော့ သူ ရင်တော်တော်တုန်နေပါပြီ ..

" မက်ဂျူ .. မက်ဂျူသောက်ချင်တယ် .. ညကျရင် ကမ်းခြေ
မှာ ခင်ဗျားနဲ့အတူ မက်ဂျူသောက်ချင်တယ် .. ခင်ဗျားရင်ခွင်
ထဲမှီရင်း မက်ဂျူလေးသောက် .. စကားလေးပြော .. အဟိ ..
စဉ်းစားကြည့်စမ်းပါ .. ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ
လို့ .. နွေးနေမှာပဲ .. "

" မသောက်ရဘူးဆိုနေ .. ကလေးနော် .. ကိုယ် စိတ်ဆိုးမိ
တော့မှာ .. အဲ့ဒါကလွဲရင် ကျန်တာအကုန် လိုက်လျောပေး
မှာ .. အရက်သောက်ဖို့တော့ မတောင်းဆိုပါနဲ့ကွာ .. နော် ..
ကိုယ် တောင်းပန်ပါတယ် .. "

သူ့ငြင်းပယ်ချက်အဆုံးမှာ ဂျီတိုက်မယ် .. အော်မယ် .. ဟစ်
မယ် .. သူ့ကို ကပ်ချွဲပြီး မရ, ရအောင်တောင်းဆိုမယ်ဆိုတဲ့
ကလေးက မျက်ရည်လေးတွေဝိုင်းလို့ .. ငိုမဲ့မဲ့လေးနဲ့ သူ့ရင်
ခွင်ထဲကထွက်သွားရင်း ကုတင်ဘေးကခုံလေးရဲ့အံဆွဲထဲက
စာရွက်နှစ်ရွက်သွားထုတ်လာတယ် .. ကြည့်လိုက်တော့
လေယာဉ်လက်မှတ်နှစ်စောင် ..

MY ANSWER IS YOUWhere stories live. Discover now