My Answer Is You ( S2, Part 13 )

867 84 10
                                    

" ကျနော့်ကိုမြင်ရလားဟင် ? ဒါ ဘယ်နှစ်ချောင်းလဲ ?
ဟင် !! ကျနော့်ကို မှတ်မိလား ? လူ  လူ .... "

" နေပါဦးဟ Jun ရ .. ငါ နည်းနည်းပါးပါးစမ်းသပ်တော်မူ
ပါရစေဦး .. ပြီးမှ မင်းသိချင်တာတွေဆက်မေး .. ဟုတ်ပ
လား ? "

အဲ့တော့ အနှီယုန်ပေါက်တစ်ကောင် မျက်နှာကြီးမဲသွား
ကာ ကျနော့်ကို မျက်စောင်းတထိုးထိုးနဲ့ .. ကျနော်လည်း
အခြေအနေကောင်းမှန်းသိရမှ စိတ်ဒုန်းဒုန်းချနိုင်တော့
တယ် .. ဒီလဒဟာ သုံးလတောင် အိပ်နေခဲ့တာမလား ?
ကြီးကြီးမားမားထိခိုက်တာမျိုးမရှိပဲ ဒီလောက်ထိမေ့နေ
တာကို ကျနော်တို့တွေ အံ့အားသင့်ခဲ့ရတာ ..

" ရပြီ .. မင်းတို့ဟာမင်းတို့ အလွမ်းသယ်ပေတော့ .. ငါက
တော့ စာတမ်းရေးရဦးမှာမို့ လစ်ပြီဟေ့ .. လိုတာတွေ ဆရာ
မလေးတွေကို မှာခဲ့မယ် .. အဲ့ဒါကြောင့် မင်း စိတ်တိုင်းကျ
သာ အလွမ်းသယ်ပေတော့ .. "

Yi Xing ဆရာမလေးတွေကို ဆေးစစ်ဖို့တွေ .. ဆေးသွင်း
ထားတာတွေချိန်းဖို့ရယ် .. ကိုယ်ယာယကြံ့ခိုင်ရေးဌာနကို
ဆက်သွယ်ထားဖို့တွေ .. အမျိုးမျိုး အဖုံဖုံမှာပြီးနောက် သူ့
အခန်းဆီ ပြန်လာခဲ့တယ် .. ဒီ ချစ်ကြည်နူး တစ်တီတူးနှစ်
ကောင်ကြည်နူးနေတာကို မကြည့်နိုင်ပေါင် .. အစတည်းက
မှ ကိုယ့်ဟာကိုယ် လွမ်းနာကျနေတာ .. သူတို့အချစ်ကဲပုံ
မျိုးနဲ့ဆို ချက်ချင်း ပေါက်စီရှိရာဆီလိုက်သွားမိမှာ သေချာ
တယ်လေ >< .. အဲ့ဒီစာတမ်းကြောင့်သာ သည်းခံနေရ
တာ 😒 ..

" လူကြီး .. ကျနော့်ကို မြင်ရလားဟင် ? ဘယ်သူလဲရော
မှတ်မိလား ? ဟင် !! ဟင်လို့ !! "

" အဟား ဟား .. ကိုယ်က ကျန်တာတွေမေ့တောင် ဒီက
လေးကိုတော့ မမေ့ပါဘူးကွာ .. စိုးရိမ်နေလိုက်တာ .. ပိန်
သွားတယ် ကလေး .. မျက်နှာလေး တော်တော်ကျသွား
တာ .. "

" အီးးးး .. ဟင့် !!! ကျနော် ဘယ်လောက်တောင်စိုးရိမ်ခဲ့
ရတယ်ထင်လို့လဲ မကောင်းတဲ့သူကြီးရဲ့ .. သေတော့မ
လားတောင် ထင်ရတယ် .. ခင်ဗျားသာ သတိပြန်မရလာ
တော့ရင် ကျနော်ကတော့ ခင်ဗျားနောက်လိုက်ခဲ့မှာ ..
အဟုတ် !! "

" တိတ်စမ်း ကလေး .. အခုမှ သတိရလာတဲ့သူကိုပြောတဲ့
စကားက ဒါလား ? လောကကြီးမှာ ကိုယ်မရှိတော့တောင်
ကလေးက လောကအလယ်မှာ ရဲဝံ့တောက်ပစွာရှင်သန်
နေမယ် .. ဒါ ကိုယ့်အတ္တပဲ ကလေး .. နောက်တစ်ခေါက်
ဒီစကားမျိုး ထပ်မပြောပါနဲ့ .. "

MY ANSWER IS YOUWhere stories live. Discover now