S2, Part 15

746 66 5
                                    

" Wahhhhh !! လူကြီး .. ထ .. ထစမ်းပါ .. အားအားရှိ
အိပ်နာပဲ .. တွေ့လား ? တွေ့လား ? ဟိုမှာ ~~
ရွှေရောင်ကြီးလေ .. ဒါကြောင့်မို့ golden land လို့ခေါ်တာနေမှာ .. ကျနော့်ကို အဲ့လိုက်ပို့နော် .. "

" အင် !! အော် ~~ အဲ့ဒါ Shwe Dagon Pagoda တဲ့ ..
မီယမ်မာမှာ အထွတ်အမြတ်ထားတဲ့နေရာတစ်ခုပေါ့ .. ဒါကြောင့်ပြောတာ .. စာဖတ်ပါဆိုနေ .. အခုတော့ မသိဘူးမလား ? "

" မလိုပါဘူး .. ဘေးနားမှာ ခင်ဗျားတစ်ယောက်လုံးပါတာ ကျနော်က ခေါင်းအကိုက်ခံပြီး ဖတ်စရာလား ? "

လေယာဉ်မဆင်းခင် အပြင်ကို တစိုက်မတ်မတ်ငေး
နေရင်းပြန်ပြောလိုက်တဲ့စကားကြောင့် ကိုယ့်မှာ နင်သွားရတယ် .. ကိုယ်ကပဲ သူ့ကို guide ပြန်လုပ်ပေးရဦးမတဲ့ .. ကောင်းပါတယ် ပိစိရယ် :3 ..

ချာတိတ်က ပျော်နေပုံရတာကြောင့် အပူကို ကြောက်
လွန်းမကကြောက်တဲ့သူ မီယမ်မာကိုလာရတာ တန်ပါတယ်လေလို့ပဲ တွေးမိရင်း လေယာဉ်ပြတင်းပေါက်က
မြင်သမျှကို မျက်လုံးလေးအဝိုင်းသားနဲ့ လိုက်ငေးနေတဲ့ချာတိတ်ကို ချစ်လွန်းလို့ ကိုက်ဆွဲပစ်ချင်စိတ်တွေပင် ပေါက်လာရတယ် :3 ..

လေဆိပ်ကနေ တည်းမဲ့ဟိုတယ်သွားတဲ့လမ်းတစ်
လျှောက်လည်း အခုမှ တောသားလေး မြို့တက်လာသလိုကို လက်ညှိုးထိုးရင်း အော်ဟစ်လာတာ .. ဒါပေမဲ့ အဲ့ဒီအော်သံတွေက ကြာကြာမခံလိုက် .. မီယမ်မာက သူတို့ကို ကြွပ်ကြွပ်ပူနေတဲ့နေအောက် တစ်နာရီနီးပါး ကားပိတ်ခြင်းနဲ့ ကြိုလိုက်တာကြောင့်ပင် .. ချာတိတ်
ခမျာ ကားထဲမှာ air-con စိမ့်နေအောင်ဖွင့်ထား
သော်လည်း ပူတယ် ပူတယ်သာ အော်ဟစ်ပြီး ရေဗူး
ကို တဂွပ်ဂွပ်မော့သောက်လိုက် .. စာအုပ်လေးနဲ့ ယပ်
ခတ်လိုက်လုပ်ကာ ဒုက္ခခံနေရတာမြင်တော့ သူ့မှာ ရယ်ရအခက် ငိုရအခက် .. လာချင်လှပါချည်ရဲ့ကြွေး
ကြော်ပြီး ရောက်လာတော့လည်း ပူတယ် ပူတယ်
အော်နေတဲ့ချာတိတ် .. ဒီလိုပုံနဲ့များ မီယမ်မာမှာ နှံ့
အောင် လျှောက်သွားချင်သေးသတဲ့လား ကလေး
ရယ် ..

သို့သော် ထိုအော်သံတွေက သူတို့တည်းခိုမည့်ဟို
တယ်ရှေ့နားမှာ အတန်းလိုက်ပေါက်နေတဲ့ ပန်းဝါဝါ
တွေကိုမြင်တဲ့နောက်မှာတော့ တစ်စုံတစ်ရာက ညှို့
လိုက်တဲ့အလား တိခနဲကို ပြတ်ကျသွားတာ ..

MY ANSWER IS YOUحيث تعيش القصص. اكتشف الآن