My Answer Is You ( S2, Part 3 )

1.5K 141 10
                                    

" Jun လေးက လိမ္မာပါတယ်ကွာ .. နော် .. ဒီနှစ်ရက်ပဲလေ
ကွာ .. ပြီးတာနဲ့ပြန်လာမှာ .. အဲ့တော့မှ သင်ပေးမယ်လေ .. နော် .. "

" လူကြီးးးးးးးးးးးးး !!!!!!!!!!!!!!!! "

အောင်မလေးး လေးး .. အော်ချလိုက်တာများ ပြဲလန်နေတာ
ပဲ .. ကျနော်ကလည်း ကျနော်ပါပဲလေ .. သူ့ကို ကတိပေး
ထားပြီးမှ အရေးပေါ်အလုပ်ကိစ္စနဲ့ ဂျယ်ဂျူကို နှစ်ရက်သွား
ပြီး အစည်းအဝေးသွားတက်ရမယ်လေ .. ဘယ်လိုမှလွှဲဖို့မ
ဖြစ်နိုင်တာမို့ ဒီကလေးကို ဒီလောက်ပြောနေရတာ .. ခေါ်
သွားဖို့ကျတော့လည်း ဘယ်လိုမှမဖြစ်နိုင် .. အစည်းအဝေး
တက်နေရတာနဲ့တင် သူ့ကိုပစ်ထားသလိုဖြစ်နေမှာ .. အဲ့ကျ
ရင်လည်း ကောက်တေးက ကောက်ဦးမှာ ..

// ဖုန်း ဖုန်း ဖုန်း အုန်းးးးးး //

စဉ်းစားခန်းဖွင့်နေတဲ့ကျတော့်ကို ကလေးစိတ်မရှည်တော့ဘူး
ထင်ပါရဲ့ .. ကျောကုန်းကိုလာထုတာများ တအုန်းအုန်းနဲ့ကို
နေတာပဲ .. မနာဘူးထင်ရင် မှားသွားမယ် .. အားထည့်ပြီး
အသေထုတော့ နာတယ်ဗျ .. ကျနော်လည်း သူ့လက်လေး
တွေကိုဖမ်းဆွဲလိုက်ပြီး စိတ်တိုနေတဲ့ကလေးလေးကိုချော့ဖို့
ရင်ခွင်ထဲဆွဲသွင်းလိုက်တယ် ..

" ဂျယ်ဂျူလိုက်မလား ? ကိုယ်က ကလေးကိုခေါ်သွားချင်
တာ ကလေးရယ် .. ကလေးက ကျောင်းတက်နေရတာမို့ ..
လိုက်မယ်ဆို ကိုယ် ခွင့်တိုင်ပေးမယ်လေ .. ဟင် .. "

ပြောလည်းပြော .. သူ့ပခုံးလေးပေါ်ခေါင်းလေးမှီတင်ရင်း သူ့
ကိုယ်သင်းနံ့လေးကို တစ်ရှိုက်မက်မက်ရှုရှိုက်နေမိတယ် ..
သူ့ဆံနွယ်လေးပျော့ပျော့လေးတွေဆီက လွင့်လာတဲ့မွှေး
တေးတေးအနံ့လေးကလည်း တဖြည်းဖြည်းရစ်မူးလာစေနိုင်
တဲ့ဆေးတစ်ခွက်ပါပဲ ..

" အာာာ !! လူကြီးနော် .. သိပ်အခွင့်ကောင်းယူတာပဲ .. ဒီက
လိုက်မယ်ပြောနာကို .. ဘာတွေတွေးနာလဲ ? တကယ်ပါပဲ
နော် .. နှာဗူးကျိ .. တစ်ချိန်လုံး တောက်တဲ့ကပ်သလိုလိုက်
ကပ်နေတယ် .. အဲ့လောက်တောင် skinship ကြိုက်နာ
လား ?? "

" ဟား ဟ .. ကလေးက မကြိုက်ဖူးပေါ့ .. ကိုယ့်ရင်ခွင်က
ကလေးအတွက် နွေးတယ်ဆို .. အခုကျ အေးသွားပလား ?
ဟင် ?? "

MY ANSWER IS YOUOù les histoires vivent. Découvrez maintenant