My Answer Is You ( S2, Part 12 )

918 99 15
                                    

ဒီလိုသာ ကံတရားကလှည့်စားတတ်မှန်းသိခဲ့ရင်လေ .. ဒီ
လိုနောင်တရစရာတွေကို လုပ်ခဲ့မိမှာမဟုတ်ဘူး လူကြီးရဲ့ ..
ကျနော်လေ ခင်ဗျားရဲ့ အနှိုင်းမဲ့စေတနာတွေကိုစော်ကားမိ
လို့ ဒဏ်ခတ်ခံရတာနေမှာ .. ကျနော်လေ ကျောင်းဆင်းပွဲ
မှာ ခင်ဗျားနဲ့အတူပျော်မယ်စဉ်းစားထားတာတွေလည်း မ
ဖြစ်ခဲ့ဘူး .. ကျနော့်ရင်တွေလည်း တစ်စစီကွဲနေပါပြီ လူကြီး
ရယ် .. ကျနော့်ကိုသနားရင် နိုးလာပါတော့နော် .. ခင်ဗျား
အိပ်နေတာ သုံးလတောင်ရှိသွားပြီလေ .. ထပါတော့ !! ဒီ
ကောင်ကို တစ်ခုခုမဖြစ်စေချင်ရင် ထလာပါတော့ လူကြီး
ရယ် .. နော် !!! ကျနော် ခင်ဗျားနောက်လိုက်ခဲ့တော့မှာ
နော် လူကြီး .. လိုက်မလာစေချင်ရင် ထပါတော့ !! လွမ်း
လှပြီ လူကြီးရဲ့ ..

ဒါကတော့ ကိုရီးယားရဲ့ထိပ်တန်းဆေးရုံတွေထဲကတစ်ခုဖြစ်
တဲ့ Wu group ပိုင် Eldorado ဆေးရုံရဲ့အခန်းတစ်ခုထဲက
ကုတင်ပေါ်မှာ ဆေးပိုက်တွေ .. စက်တွေနဲ့ သူ့ခန္ဓာကိုယ်ကို
သွယ်ဆက်ထားတဲ့ပိုက်တွေနဲ့ရှုပ်ယှက်ခတ်နေတဲ့ကောင်
လေးတစ်ယောက်ကိုကြည့်ကာ ယူကြုံးမရဖြစ်ပြီး အသည်း
အသန်ငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်ရဲ့ ငိုကြွေးသံ
တွေပါ ..

သူ့အတွက် ဒီလူဟာ အရာရာပါလို့သတ်မှတ်ထားတဲ့နောက်
မှာ ဒီလိုတွေဖြစ်သွားတာ သူ့ကြောင့်ပါဆိုပြီး ယူကြုံးမရ
တွေဖြစ်ပြီး သူ့ကိုယ်သူတောင် ခွင့်မလွှတ်နိုင်တဲ့အခြေအ
နေမှာ သူ့အတွက် ဖြေသိမ့်နိုင်မဲ့နည်းလမ်းက Yi Fan
သတိပြန်ရလာတာပါပဲ ..

ထိုအခိုက် သူ့ပခုံးပေါ်ကအထိအတွေ့ကြောင့် မော့ကြည့်
လိုက်မိတော့ သူ့ကို ကြင်နာစွာပြုံးပြနေတဲ့ Yi Xing
Hyung .. တစ်နည်းပြောရရင် လူကြီးရဲ့တာဝန်ခံဆရာ
ဝန် ..

" အရမ်းမငိုနဲ့လေ Jun လေးရဲ့ .. Kris အတွက် အားတင်း
ထားရမှာပေါ့ .. သူနိုးလာအောင် hyung တို့ အတတ်နိုင်
ဆုံး ကြိုးစားကြမယ်လေ .. နော် .. တိတ်တော့ .. "

" သူ ဘာလို့သတိရမလာသေးတာလဲ hyung ရယ် .. သူ
သာသတိရလာမယ်ဆို ကျနော် ဘာပဲလုပ်ရ လုပ်ရပါ .. သူ
သတိရလာရင် တော်ပါပြီ .. ဟင့် အင့် !!!! "

ပြောရင်း ရှိုက်သံလေးတွေစွက်ကာ ငိုမဲ့မဲ့ဖြစ်လာတဲ့ ဒီ
ကလေးကို ဘယ်လိုရှင်းပြရပါ့ .. Yi Fan ရာ !! မင်းချစ်လှ
ပါချည်ရဲ့ဆိုတဲ့ကလေးက ဒီလို တက်မတတ် ချက်မတတ်ငို
ယိုနေတာကိုတောင် လျစ်လျူရှုထားတော့မှာလားကွာ ??

MY ANSWER IS YOUWhere stories live. Discover now